ဗဟိုဘဏ်က ၂၀၀၀၀/- ကျပ်တန်၊ ၅၀၀၀၀/ ကျပ်တန် ကိစ္စ ထုတ်ပြန်ကြေညာ


09 December, 2021

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ငွေစက္ကူအသစ် ၂၀၀၀၀/- ကျပ်တန်၊ ၅၀၀၀၀/ ကျပ်တန်များ ထုတ်မည်ဆိုသော ကောလာဟလသတင်းများ ထွက်ပေါ်နေကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုး အမျိုးအစားအသစ် ထုတ်ဝေခြင်း ကိစ္စ၊ ထုတ်ဝေပြီးသော ငွေစက္ကူအမျိုးအစားကို ပုံစံသစ်ဖြင့် ပြောင်းလဲထုတ်ဝေခြင်းကိစ္စရပ်များ ဆောင်ရွက်မည်ဆိုပါလျှင် ပြည်သူများကို ကြိုတင်ကြေညာ အသိပေးဆောင်ရွက်ပါကြောင်း၊ ယခု သတင်းဖြစ်ပေါ်နေသော ၂၀၀၀၀/- ကျပ်တန်၊ ၅၀၀၀၀/- ကျပ်တန် ငွေစက္ကူသစ်များ ထုတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မမှန်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေး ကြေညာပါသည်။

 

Banking & Loan Read 31508 times