အာဆီယံ နိုင်ငံအချို့ရဲ့ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး ခြေလှမ်းများ


29 March, 2022

အာဆီယံ နိုင်ငံအချို့ရဲ့ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး ခြေလှမ်းများ

ကမ္ဘောဒီးယားနှင့် စင်ကာပူတို့က ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး  central bank digital currency (CBDC) စတင်သုံးစွဲဖို့ စူးစမ်း လေ့လာနေကြတယ်။ ငွေပေးချေမှုများ ထိရောက်မြန်ဆန်မှု ပိုကောင်းသွားစေမယ်။ e-commerce ဖွံ့ဖြိးမှုကို အထောက်အကူ ပြုပါတယ်။ 

အရှေ့တောင်အာရှမှာ လူဦးရေ ယေဘုယျ အခြေအနေက အသက်မကြီးသေးတဲ့ ပျမ်းမျှအားဖြင့် အသက် ၃၀ နှစ်ဝန်းကျင်ရှိသူများ ဖြစ်နေခြင်းနှင့် အင်တာနက် သုံးစွဲမှု များပြားခြင်း၊ မိုဘိုင်းဖုန်း သုံးစွဲမှု များပြားခြင်းတို့ကြောင့် ဒစ်ဂျစ်တယ် ငွေပေးခြင်း၊ e-commerce ၊ ခရစ္ပတိုငွေကြေးများ သုံးစွဲခြင်းတို့ ထွန်းကားနေပါတယ်။

ကမ္ဘောဒီးယားမှာ လူဦးရေ ၁၆ သန်း ရှိပါတယ်။ မိုဘိုင်းဖုန်း ဆင်မ်ကတ် သုံးစွဲတဲ့ ခုရေက သန်း ၂၀ ခန့် ရှိပါတယ်။ National Bank of Cambodia မှ ဒုအုပ်ချုပ်ရေးမှူး Serey Chea က "ကလေးတစ်ယောက်မွေးတယ်ဆိုရင် သူ့အတွက် ဆင်မ်ကတ် ရှိပြီးသား ဖြစ်နေသလား ထင်ရတယ်။ တချို့ဆိုရင် နှစ်ကတ်၊ သုံးကတ် ရှိတယ်" လို့ ပြောပြပါတယ်။


အွန်လိုင်း ဈေးရောင်းဈေးဝယ်ခြင်းများအတွက် ဒစ်ဂျစ်တယ် ငွေပေးစနစ် ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းအသစ်များလည်း ပေါ်ထွက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဗဟိုဘဏ် ထိန်းချုပ်ထားတဲ့ ငွေကြေးတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာပါတယ်။
ဒစ်ဂျစ်တယ် ငွေပေးစနစ် ကျင့်သုံးတဲ့ လုပ်ထုံးလုပ်နည်းအသစ်များမှာ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ ပါဝင်နိုင်ဖို့ ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး ထားရှိဖို့ လိုအပ်ပါတယ်။

အာရှမှာ ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး ဖွံ့ဖြိုးဖို့ ဆောင်ရွက်ကြပါတယ်။ 
၂၀၁၄ မှာ တရုတ်နိုင်ငံက e-yuan (e-CNY) ဖွံ့ဖြိုးရေး စတင်ပါတယ်။ 
ဟောင်ကောင်က e-HKD စတင်ဖို့ စူးစမ်းလေ့လာနေပါတယ်။
ဟောင်ကောင် ငွေကြေးအာဏာပိုင် Hong Kong Monetary Authority က ဟောင်ကောင်ရဲ့ ဗဟိုဘဏ်သဖွယ် တည်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပြီး e-HKD အတွက် People's Bank of China (PBOC) နှင့်အတူ လုပ်ဆောင်နေပါတယ်။
ထိုင်းနှင့် ယူအေအီးတို့၏ ဗဟိုဘဏ်များက CBDC ငွေပေးချေ ပလက်ဖောင်း ထူတောင်ရန် "mBridge" စီမံကိန်းကို ဆောင်ရွက်နေပါတယ်။


ဩစတေးလျ၊ မလေးရှား၊ စင်ကာပူ၊ တောင်အာဖရိက ၄ နိုင်ငံတို့က "Project Dunbar" ကို လုပ်ဆောင်နေပြီး နိုင်ငံအသီးသီးရဲ့ CBDC အသီးသီးဖြင့်  နိုင်ငံများအကြား ‌ငွေပေးချေနိုင်တဲ့ ပလက်ဖောင်းတွေ ထူထောင်မှာ ဖြစ်ပါတယ်။

စင်ကာပူမှ ခရစ္ပတိုငွေကြေးလုပ်ငန်းများအသင်း Association of Crypto Currency Enterprises ဉက္ကဋ္ဌက "စင်ကာပူမှာ တိုးတက်ဖြစ်ပေါ်နေတာ စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်။ ဘာလို့လဲဆိုတော့ ဒီမှာ ခရစ္ပတိုငွေကြေးတွေကို စိတ်ဝင်စားတဲ့သူ ပိုများတယ်။လူငယ်တွေပဲ ခရစ္ပတိုငွေကြေးတွေကို စိတ်ဝင်စားကြတာ မဟုတ်ဘူး။ သက်ကြီးပိုင်းကလည်း ဒစ်ဂျစ်တယ် ငွေပေးချေတာကို ခံယူကျင့်သုံးကြပါတယ်" လို့ ပြောကြားပါတယ်။

Banking & Loan Read 972 times