စစ်တွေဆိပ်ကမ်း လုပ်ကိုင်ခွင့် Bharat Freight ရရှိ


06 July, 2021

Bharat Freight သည် အီရန်နိုင်ငံ Chabahar ဆိပ်ကမ်းကန်ထရိုက် ရရှိခဲ့ပြီးသည့်နောက်တွင် ဒုတိယမြောက် ဆိပ်ကမ်းကန်ထရိုက် အနေဖြင့် အိန္ဒိယမှ ငွေကြေးထောက်ပံ့သော ရေကြောင်းစီမံကိန်းတစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းအတွက် ကန်ထရိုက် ရရှိခဲ့ခြင်း ဖြစ်သည်။

မွန်ဘိုင်းအခြေစိုက် Bharat Freight Group ၏ လက်အောက်ခံ လုပ်ငန်းဖြစ်သော A to Z EXIM Limited သည် အစိုးရထံမှ လုပ်ကိုင်ခွင့် ကန်ထရိုက် ရရှိခဲ့သည်ဖြစ်ရာ စစ်တွေဆိပ်ကမ်း လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို စစ်တွေနှင့် ပလက်ဝရှိ ဆိပ်ကမ်းနှင့် ကုန်းတွင် ရေကြောင်း ပို့ဆောင်ရေး ဆိပ်ခံများကို လုပ်ကိုင်ရန် ကန်ထရိုက် ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် Kaladan Multi-Modal Transit Transport Project အောက်တွင် ရှိသည်။ ကန်ထရိုက်သည် ကနဦး သုံးနှစ်ကာလအပိုင်းအခြားအတွက် ဖြစ်ပြီး သက်တမ်းကို နှစ်နှစ် ထပ်တိုးနိုင်သည်။

“ကျွန်တော်တို့ကို အပ်နှင်းတဲ့တာဝန်က လုပ်လက်စ ဆောက်လုပ်ရေးအလုပ်တွေကို ပြီးစီးအောင် လုပ်ကိုင်ပေးဖို့ ဖြစ်ပါတယ်။ ဆိပ်ကမ်းကို ကျကျနန ဖြစ်အောင် စက်ကိရိယာတွေ ထိုင်ပေးရမယ်။ ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးရေးကိုလည်း လုပ်ရမယ်” ဟု Bharat Freight Group မှ ဦးဆောင်ညွှန်ကြားရေးမှူးချုပ် ကာဇာနီ (Sohel Firoz Kazani)က ပြောကြားခဲ့သည်?

စစ်တွေ ရေနက်ဆိပ်ကမ်းသည် အမေရိကန်ဒေါ်လာ ၄၈၄ သန်းရှိ Kaladan Multimodal Transit Transport Project တွင် အပိုင်းကဏ္ဍတစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဆောက်လုပ်ပေးသည့် ဆိပ်ကမ်း ဖြစ်သည်။

ကုန်းတွင်းပိတ် မီဇိုရမ်သို့ ကုန်စည်များ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်နှင့် အချိန် သက်သာစေရန် ရည်ရွယ်သော စီမံကိန်း ဖြစ်သည်။ ကုန်စည်များကို ကိုလ်ကာတာဆိပ်ကမ်းမှ စစ်တွေ ဆိပ်ကမ်းသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မည် ဖြစ်ပြီး ထို့နောက် ချင်းပြည်နယ် ပလက်ဝမြို့သို့ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဆက်လက်ပို့ဆောင်မည်။ ကလေးဝမှ မီဇိုရမ်သို့ ကုန်းလမ်းဖြင့် ဆက်လက်သယ်ယူပို့ဆောင်မည် ဖြစ်သည်။

အမေရိကန်မှ ချမှတ်သည့် စီးပွားရေးတားမြစ်ခြင်းသည် စီမံကိန်းအပေါ် သက်ရောက်ခြင်း မရှိကြောင်း၊ စီမံကိန်းသည် အစိုးရအချင်းချင်း လုပ်ဆောင်ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရ ရန်ပုံငွေကို အသုံးပြုကြောင်း၊ စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ကာဇာနီက ပြောကြားသည်။

Source: https://www.thehindubusinessline.com/

Local News Read 718 times