တရုတ်နိုင်ငံတွင် Covid-19 ဆန္ဒပြနေကြခြင်းများကြောင့် စျေးကွက်များ လှုပ်ခတ်ကာ ဒေါ်လာဈေးတက်ကာ ယွမ်ငွေ ကျဆင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံတွင် အစိုးရ၏ ကိုဗစ်တိုက်ဖျက်ရေးမူဝါဒများကို ဆန့်ကျင်ဆန္ဒပြမှုများကြောင့် တနင်္လာနေ့ (နိုဝင်ဘာ ၂၈ ရက်) တွင် ဒေါ်လာဈေးတက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ ပိုမိုစွန့်စားရသည့် ပိုင်ဆိုင်မှုများမှ လက်ရှောင်နေကြသည်။ ယွမ်-ဒေါ်လာ ငွေလဲနှုန်း ၂ ပတ်တာအတွင်း အနိမ့်ဆုံးသို့ ယွမ်ကျဆင်းသွားသည်။
နိုင်ငံအနောက်ဘက်စွန်းရှိ Urumqi တွင် လော့ဒေါင် ပိတ်ဆို့ထားသဖြင့် ပိတ်မိနေရာမှ လူ ၁၀ ဦး သေဆုံးခဲ့သည့် တိုက်ခန်းများ မီးလောင်မှုအပြီးတွင် ဆန္ဒပြမှုများသည် တရုတ်နိုင်ငံတစ်ဝှမ်း ပျံ့နှံ့ခဲ့ပြီး မြို့အများအပြားသို့ ပျံ့နှံ့သွားခဲ့သည်။
ရှန်ဟိုင်းမြို့မှာ တနင်္ဂနွေနေ့ည ရာချီသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
Covid-19 ဖြစ်ပွားမှု မြင့်တက်လာချိန်တွင် အာဏာဖီဆန်မှုလှိုင်းကို တရုတ်အစိုးရမှ မည်သို့တုံ့ပြန်ကိုင်တွယ်မည် ဆိုသည့်အပေါ် ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြသည်။
ပြည်ပရောက် ကမ်းလွန်ယွမ်သည် အာရှအရောင်းအဝယ်တွင် နှစ်ပတ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင် 7.2242 သို့ ကျဆင်းခဲ့သည်။ အကြမ်းဖျင်း 0.4 ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ယွမ်ငွေနှင့် ထဲထဲဝင်ဝင် အချိတ်အဆက် ရှိနေသော သြစတြေးလျဒေါ်လာသည် ၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားကာ ၀.၆၆၈၁ ဒေါ်လာသို့ ကျဆင်းသွားသည်။
တရုတ်နိုင်ငံ၏ တင်းကျပ်လွန်းသော Covid-19 ကန့်သတ်ချက်များသည် ၎င်း၏စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး အာဏာပိုင်များသည် ဖွံ့ဖြိုးမှုပြန်လည်ရှင်သန်ရန်အတွက် အမျိုးမျိုးသောအစီအမံများကို အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။
သောကြာနေ့တွင် နိုင်ငံ၏ဗဟိုဘဏ် People's Bank of China (PBOC) မှဘ ဏ်များအတွက် အရန်လိုအပ်ချက်အချိုး reserve requirement ratio (RRR) ကို အခြေခံဒသမ basis points (bps) ၂၅ မှတ် (bps) ဖြင့် ဒီဇင်ဘာ ၅ ရက်မှ စတင်၍ လျှော့ချသတ်မှတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ သို့ဖြစ်ရာ ဘဏ်များ ငွေပမာဏ ပိုမို ထုတ်သုံးနိုင်မည် ဖြစ်ပြီး စီးပွားရေးထဲသို့ ငွေများများ ပိုမိုစီးဝင်နိုင်မည် ဖြစ်သည်။
Source: Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U