ကမ္ဘာ့ဘဏ် Doing Business အစီရင်ခံစာ ရပ်ဆိုင်း


27 September, 2021

ကမ္ဘာ့ဘဏ်မှ   နှစ်စဉ် ထုတ်ပြန်တဲ့ Doing Business အစီရင်ခံစာမှာ မလျော်ဩဇာ သုံးစွဲပြီး တရုတ်နိုင်ငံရဲ့ အဆင့်ကို ၇ ဆင့် မြှင့်ပေးထားကြောင်း လူသိရှင်ကြား ဖြစ်ခဲ့ပြီးတဲ့နောက်မှာ ၎င်း အစီရင်ခံစာ ထုတ်ပြန်မှု ဆက်လက်လုပ်ကိုင်တော့မှာ မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Doing Business ကြပ်မတ်ထိန်းကျောင်းတဲ့ ဝန်းကျင်၊ လုပ်ငန်းများ စတင်ထူထောင် လုပ်ကိုင်ဖို့ လွယ်ကူမှု၊ အခြေခံတဆောက်အအုံနှင့် အခြားစီးပွားရေး ဝန်းကျင် အခြေအနေ အစရှိတဲ့ အချက်များကို ဆန်းစစ်အကဲဖြတ်ပြီး နိုင်ငံစီပွားရေးအရပ်ရပ်တို့ကို အဆင့် သတ်မှတ်ပေးပြီး အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်ပေးပါတယ်။

World Bank Group က Doing Business” အစီရင်ခံစာ ထုတ်ဝေမှု အဆုံးသတ်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြုဖို့ အခြေအနေတွေကို အစီရင်ခဲ့ရာမှာ ထိုစဉ်က အမှုဆောင်ချုပ် Kristalina Georgieva အပါအဝင် ဘဏ်ထိပ်ပိုင်းမှ အရာရှိများက မလျော်ဩဇာ သုံးစွဲပြီး ဖိအားပေးခဲ့ခြင်းကြောင့် အချက်အလက် မူမမှန်တာတွေ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အဆင့်ကို မြှင့်တင်ပေးခဲ့ကြတယ်။

ဉပဒေလုပ်ငန်း Wilmer Hale. က ဌာနတွင်း စုံစမ်းစစ်ဆေးမှု ပြုခဲ့ပြီး အကြီးတန်းအရာရှိများရဲ့ တိုက်ရိုက်နှင့် သွယ်ဝိုက် ဖိအားပေးခြင်းများ ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံခဲ့ပါတယ်။
ထိုစဉ်က ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဖြစ်သူ Jim Yong Kim က အစီရင်ခံစာရဲ့ နည်းလမ်းစည်းစနစ်ကို ပြောင်းလဲပြီး တရုတ်နိုင်ငံရဲ့ အဆင့်မြင့်တက်စေခဲ့ပါတယ်။
ထိုစဉ်က ကမ္ဘာ့ဘဏ်မှာ အကြံးပေး လုပ်ကိုင်နေခဲ့သူ ဖြစ်ပြီး ယခုအခါ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှာ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်  လုပ်ကိုင်နေသူ Kristalina Georgieva က တရုတ်နိုင်ငံရဲ့ ရမှတ်တွေကို ပြောင်းလဲဖို့ ဝန်ထမ်းတွေကို ဖိအားပေးခဲ့ပါတယ်။ ထိုသို့ တရုတ်နိုင်ငံရဲ့ အဆင့်ကို မြှင့်တင်ပေးပြီး တရုတ်နိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ထည့်ဝင်တဲ့ ငွေလုံးငွေရင်း ကြီးကြီးမားမား ရရှိဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေတဲ့ "Doing Business 2018"  မှာ ဒေတာ နည်းလမ်းစည်းစနစ်ကို ပြောင်းလဲလိုက်တာကြောင့် တရုတ်နိုင်ငံရဲ့ အဆင့် ၇ ဆင့် မြင့်တက်ပြီး နံပါတ် (၇၈)နေရာကို ရောက်ရှိခဲ့ပါတယ်။

WilmerHale ရဲ့ အစီရင်ခံစာမှာ “Doing Business 2020” တွင်လည်း ဆော်ဒီအာရေဗျနိုင်ငံနဲ့ အဇာဘိုင်ဂျန် နိုင်ငံတို့ရဲ့ အဆင့်သတ်မှတ်ဖို့ သုံးစွဲတဲ့ ဒေတာတွေ မူမမှန်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဘဏ်ထိပ်ပိုင်းမှ မလျော်ဩဇာသုံးပြီး စွက်ဖက်ခြင်းတော့ မတွေ့ရကြောင်း ဖော်ပြထားပါတယ်။
 

Global News Read 5464 times