တရုတ်ဒစ်ဂျစ်တယ်ယွမ် e-CNY ဒေါ်လာ ၄၅ သိန်းဖိုး ကံစမ်းမဲဖောက်


02 June, 2022

တရုတ်ဒစ်ဂျစ်တယ်ယွမ် e-CNY ဒေါ်လာ ၄၅ သိန်းဖိုး ကံစမ်းမဲဖောက်

တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ တရုတ်ဒစ်ဂျစ်တယ် ငွေကြေး e-CNY သုံးစွဲမှု မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ ၄၅ သိန်းဖိုး ကံစမ်းမဲ အစီအစဉ် စတင်ပါတယ်။ 

အင်တာနက်ဝန်ဆောင်မှု ပေးအပ်တဲ့ လုပ်ငန်းကြီး  Meituan ရဲ့ ပလက်ဖောင်းပေါ်မှာ e-CNY ဈေးဝယ်ဗောက်ချာ ယွမ် သန်း ၃၀(အမေရိကန်ဒေါ်လာ ၄၅ သိန်း) ဖိုး ကံစမ်းမဲများ ဖောက်ပေးမှာ ဖြစ်ပါတယ်။ 

ရှန်ကျန်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားများက Meituan ရဲ့ အက်ပ်မှတစ်ဆင့် စာရင်းပေးသွင်း ရပါတယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး  ၃ ရက်အတွင်း စာရင်းပေးသွင်းရမှာ ဖြစ်ပြီး ကြာသပတေးနေ့မှာ ကံထူးသူများကို စာရင်း ထုတ်ပြန်ကြေညာပေးပါတယ်။ 

ဒုတိယအသုတ်ကို ဇွန်လ ၉ ရက်မှာ စတင်မယ်လို့ အသိပေးကြေညာထားပါတယ်။

ကံထူးရှင်တွေကို အွန်လိုင်းမှာ စာအိတ်နီ ပေးအပ်မှာ ဖြစ်ပါတယ်။ စာအိတ်နီထဲမှာ ၈၈ ယွမ်၊ ၁၀၀ ယွမ်၊ ၁၂၈ ယွမ် ဈေးဝယ်ဗောက်ချာ တစ်ခုခု ထည့်ပေးထားပါတယ်။ ရထားတဲ့ ဆုကြေးကို Meituan အက်ပ်မှတစ်ဆင့် ချက်ပြုတ်စရာ၊ စားစရာ နှင့် စက်ဘီးငှားရမ်းခ တို့အတွက် ငွေပေးချေနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ ဈေးဆိုင်တွေမှာလည်း ဈေးဝယ်လို့ ရပါတယ်။ e-CNY wallet ငွေဖြည့်ထည့်လို့လည်း ရပါတယ်။

MyanmarIndustryGuid

Banking & Loan Read 458 times