ဆောင်းအိုလံပစ်ပွဲမှာ  e-CNY ကို ပွဲထုတ်


12 February, 2022

ဆောင်းအိုလံပစ်ပွဲမှာ  e-CNY ကို ပွဲထုတ်

တရုတ်နိုင်ငံက ဗဟိုဘဏ်ချုပ်ကိုင်ထားတဲ့  ဒစ်ဂျစ်တယ်ငွေကြေးကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေတာမှာ အဓိကစီးပွားရေးနိုင်ငံများကြားတွင် ရှေ့ဆုံးသို့ ရောက်ရှိနေပါတယ်။
ဒစ်ဂျစ်တယ်ယွမ်ကို Beijing Winter Olympics သို့ လာရောက်တဲ့ နိုင်ငံခြားသား အားကစားသမားများ၊ ဧည့်သည်များ သုံးစွဲဖို့ စီစဉ်ပေးထားပါတယ်။ 

နိင်ငံအချို့မှ ငွေကြေးအာဏာပိုင်များက ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး central bank digital currency (CBDC) ကို ကိုယ်ပိုင်မူဖြင့် အသုံးပြုနိုင်အောင် ကြိုးပမ်းနေကြပါတယ်။

 People's Bank of China (PBOC) က  Beijing Winter Olympics မှာ ဒစ်ဂျစ်တယ်ယွမ်ဖြင့် ငွေပေးချေနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ ကျန်တဲ့နည်းလမ်း နှစ်ခုက ငွေသားဖြင့် ပေးချေခြင်းနှင့် visa card ဖြင့် ပေးချေခြင်း ဖြစ်ပါတယ်။
 ကိုဗစ်ကြောင့် အားကစားပွဲကို ပြည်တွင်းပရိသတ် လာရောက်ခွင့်မရှိတဲ့အတွက် ဒစ်ဂျစ်တယ်ယွမ် သုံးစွဲမှု ပျံ့နှံ့တာ အကန့်အသတ် ဖြစ်နေခဲ့ပါတယ်။
 
 e-CNY တိုးတက်ဖြစ်ပေါ်မှု
တရုတ်နိုင်ငံ ဗဟိုဘဏ်က ၂၀၁၄ မှာ ဒစ်ဂျစ်တယ်ယွမ် ဖွံ့ဖြိုးရေးကို စတင်ခဲ့ပါတယ်။
ဘီဂျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်း အစရှိတဲ့ မြို့ကြီးများမှာ အကန့်အသတ်ဖြင့် စမ်းသပ်သုံးစွဲလျက် ရှိပါတယ်။

 PBOC အနေဖြင့် ခေတ်ကာလအရ လိုအပ်နေတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ငွေကြေးအာဏာပိုင်အဖြစ် ချုပ်ကိုင်နိုင်တဲ့ CBDC ဖြင့် ဖန်တီးနေတာ ဖြစ်ပါတယ်။ စီးပွားရေထဲ လည်ပတ်နေတဲ့ ငွေပမာဏကို ပိုမိုထိရောက်စွာ စီမံနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ ဘစ်ကွိုင်အပါအဝင်  ဗဟိုချုပ်ကိုင်မှုမဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ပိတ်ပင်ထားပြီး CBDC ဖြင့် ငွေလည်ပတ်စေမှာ ဖြစ်ပါတယ်။ နောက်တစ်ချပ်က ငွေစက္ကူပုံနှိပ် ထုတ်ဝေရတဲ့ စရိတ်စကနဲ့ ကရိကထ သက်သာသွားစေမှာ ဖြစ်ပါတယ်။
 PBOC ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးက e-CNY ဖြစ်ပါတယ်။
 
ဒစ်ဂျစ်တယ်ယွမ် e-CNY သုံးစွဲမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားအောင်လုပ်ဆောင်လျက်ရှိပြီး အောင်မြင်မှုများ ရရှိနေပါတယ်။

ဇန်နဝါရီလမှာ PBOC ရဲ့ ပြောကြားချက်အရ နိုင်ငံတစ်လွှား တစ်ဦးချင်း  ဒစ်ဂျစ်တယ်ယွမ် e-CNY သုံးစွဲနေတဲ့ ဦးရေ ၂၆၁ သန်းကျော်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ e-CNY mobile app ဖြင့် သုံးစွဲကြရတာ ဖြစ်ပါတယ်။ 
တိုင်းပြည် လူဦးရေ ၁.၄ ဘီလျံရဲ့ ၂၀% သို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

၂၀၁၉ မှာ PBOC က ရှေ့ပြေးစမ်းသပ်မှုများ စတင်ခဲ့ပြီး e-CNY ဖြင့် ငွေပေးငွေယူ လုပ်ကြတာ  ယခုအခါ ငွေပမာဏ ယွမ် ၆၂ ဘီလျံ ( ကန်ဒေါ်လာ ၉.၇ ဘီလျံ) ရှိခဲ့ပါတယ်။ ငွေပေးချေမှု အားလုံးနီးပါး ပစ္စည်း ဈေးဝယ်ခြင်း၊ ဝန်ဆောင်မှုများအတွက် ပေးချေခြင်းတို့မှာ သုံးစွဲခဲ့ကြပါတယ်။


 "Cashless: China's Digital Currency Revolution" ငွေစက္ကူမဲ့ တရုတ်နိုင်ငံ ဒစ်ဂျစ်တယ်ငွေကြေးတော်လှန်ရေး စာအုပ် ရေးသားသူ Richard Turrin က " PBOC က CBDC ဖြစ်တဲ့ ဒစ်ဂျစ်တယ်ယွမ် (ခေါ်) e-CNY ကို ထုတ်ဝေလိုက်တယ်။ အသေးစိတ်ကအစ အလွန်စေ့စပ်သေချာပြီး ထောင့်စေ့တယ်" လို့ မှတ်ချက်ပြုပါတယ်။
 "အစမ်းသုံးစွဲခြင်းကို မြို့ကြီးများမှာ တစ်မြို့ပြီးတစ်မြို့ လုပ်ဆောင်သွားတယ်။ လုပ်ငန်းဆောင်တာ အသစ်တွေ ထပ်ထုတ်ပြီး မြို့ကြီးတစ်ခုစီမှာ အစမ်းသုံးကြည့်တယ်" လို့ သူက ပြောပြပါတယ်။
တရုတ်ပြည်တွင်းမှာ ငွေပေးငွေယူကို ငွေသားအစား ဒစ်ဂျစ်တယ်နည်းလမ်းများ တွင်တွင်ကျယ်ကျယ် သုံးနေကြပြီးသား ဖြစ်ပါတယ်။Alibaba နှင့်  Tencent တို့လို လုပ်ငန်းကြီးများရဲ့ fintech ပလက်ဖောင်းတွေ ကျောထောက်နောက်ခံ ပြုပေးပြီး စည်းရုံးသိမ်းသွင်းပေးလို့ ဒစ်ဂျစ်တယ်နည်းလမ်း လူသုံးများနေပြီးသား ဖြစ်ပါတယ်။

ယခုနှစ်ဆန်းပိုင်းမှာ e-CNY ကို သုံးဖို့ ခေါက်ပိုက်ဆံအိတ်အက်ပ်wallet app တစ်ခုကို Apple နဲ့  Android စမတ်ဖုန်း နှစ်မျိုးစလုံးအတွက် ထုတ်လုပ်ဖြန့်ဝေပေးခဲ့ပါတယ်။ လောလောဆယ်မှာ မြို့ကြီး ၁၀ မြို့မှာ အကန့်အသတ်ဖြင့် စမ်းသပ်သုံးစွဲနေပါတယ်။

 
တရုတ်ပြည်မှာ ကြီးစိုးနေတဲ့ ပုဂ္ဂလိကပိုင် fintech ပလက်ဖောင်းတွေ ဖြစ်ကြတဲ့ Alipay နှင့် WeChat Pay တို့မှာ e-CNY ကို စတင်သုံးစွဲစေခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒစ်ဂျစ်တယ်လူမှုဝန်းကျင်ထဲ e-CNY က ထိုးဖောက်နေရာယူပြီး လူမှုဝန်းကျင်ထဲ ပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။
e-CNY ဖြင့် ငွေငွေယူ လုပ်သမျှ အကုန်လုံး မှတ်တမ်းမှတ်ရာများ ကျန်ရစ်မှာ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ တစ်ကိုယ်ရေ ငွေကြေးသုံးစွဲမှုအားလုံးကို ဗဟိုဘဏ် တစ်နည်းအားဖြင့် အစိုးရက သိနေနိုင်မှာ ဖြစ်ပါတယ်။

နောက်နောင်မှာ တရုတ်ပြည်နှင့် ကုန်သွယ်မှု ပြုတဲ့အခါ အမေရိကန်ဒေါ်လာ သုံးစွဲခြင်းအစား e-CNY ကို အစားထိုးသုံးစွဲ သွားမှာဖြစ်ပြီး အထူးသဖြင့် အာရှနိုင်ငံများနှင့် ကုန်သွယ်မှုမှာ အသုံးပြုမယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။

Banking & Loan Read 507 times