တရုတ်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ယွမ် e-CNY အတွက် ခေါက်ပိုက်ဆံအိတ်အက်ပ် စတင်သုံးစွဲ


06 January, 2022

တရုတ်ဗဟိုဘဏ်က ဒစ်ဂျစ်တယ်ယွမ် e-CNY အတွက် ခေါက်ပိုက်ဆံအိတ်အက်ပ် စတင်သုံးစွဲ

တရုတ် ဒစ်ဂျစ်တယ်ယွမ် ဖြစ်တဲ့ e-CNY ကို သုံးစွဲတဲ့ ခေါက်ပိုက်ဆံအိတ် အက်ပ် wallet app ကို Android နဲ့ iOS နှစ်မျိုးစလုံးဖြင့် စတင်သုံးစွဲပါတယ်။ wallet app ကို  Android စမတ်ဖုန်းတွေအတွက် Android အက်ပ် ထုတ်လုပ်ပေးထားပြီး အိုင်ဖုန်းတွေအတွက်  iOS အက်ပ် ထုတ်လုပ်ပေးထားပါတယ်။ 
ရှေ့ပြေးစမ်းသပ်တဲ့ ဗားရှင်းဖြစ်ပြီး တရုတ်ပည်တွင်း Android အက်ပ်စတိုးများနှင့် တရုတ်ပြည်တွင်းသုံး Apple အက်ပ်စတိုးတို့မှ အခမဲ့ ဖြန့်ဝေပါတယ်။
တရုတ်ဗဟိုဘဏ်က ကိုယ်ပိုင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်  e-CNY ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ဖို့ ရှေ့သို့ ခြေလှမ်း လှမ်းလိုက်တာ ဖြစ်ပါတယ်။
စမ်းသပ်ကာလအတွင်းမှာ ဗဟိုဘဏ်ဖြစ်တဲ့ People's Bank of China's (PBOC)က သတ်မှတ်‌ေပးထားတဲ့ ဘဏ်လုပ်ငန်းများနှင့် ငွေကြေးအဖွဲ့အစည်းများသာ သုံးစွဲခွင့် ပေးထားပါတယ်။ 

Banking & Loan Read 440 times