၂၀၂၁ ခုနှစ် အထက်တန်းလွှာ အရည်အသွေး အညွှန်းကိန်း Elite Quality Index (EQx)


25 June, 2021

၂၀၂၁ ခုနှစ် အထက်တန်းလွှာ အရည်အသွေး အညွှန်းကိန်း Elite Quality Index (EQx) ကို စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (SMU)၊ ဆွစ်ဇာလန်အခြေစိုက် Value Creation for Foundation (FVC) နှင့် St. Gallen တက္ကသိုလ်မှ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ခုအတွင်းရှိ အထက်တန်းလွှာများသည် ၎င်းတို့ကျင်လည်ရာ လူ့အဖွဲ့အစည်း၏ စီးပွားရေးနှင့် နိုင်ငံရေး တိုးတက်ကြီးပွားရေးကို မည်မျှအထိ စွမ်းဆောင်နိုင်သည် သို့မဟုတ် အဟန့်အတားဖြစ်စေသည်ကို ကြည့်သည်။ ၎င်းတို့၏ ပေါ်လစီများနှင့်စီးပွားရေးပုံစံများသည် တိုင်းပြည် စီးပွားရေးတွင် တန်ဖိုးမြင့်မားစေခြင်း ရှိမရှိဆန်းစစ်ခြင်း သို့မဟုတ် တိုင်းပြည်စီးပွားရေးမှာ တန်ဖိုးယုတ်လျော့စေခြင်းအား ဆန်းစစ်သည်။

 အာဆီယံနိုင်ငံများတွင် စင်ကာပူသည် အထက်တန်းလွှာ အရည်အသွေး အမြင့်မားဆုံး ရှိနေသည်။ နိုင်ငံပေါင်း ၁၅၁ နိုင်ငံတွင် စင်္ကကာပူ နိင်ငံသည်ကမ္ဘာ့အဆင့် (၁) နေရာတွင် ရှိနေသည်။

 မလေးရှားသည့် ကမ္ဘာ့အဆင့်(၂၅) ဖြင့် အာဆီယံနိုင်ငံများတွင် ဒုတိယနေရာတွင် ရှိနေသည်။ 

ထိုင်းနိုင်ငံသည် ကမ္ဘာ့အဆင့်(၃၀) ဖြင့် အာဆီယံနိုင်ငံများတွင် တတိယနေရာတွင် ရှိနေသည်။

ထို့နောက် ဗီယက်နမ်(၃၆)၊ အင်ဒိုနီးရှား(၄၄)၊ ဖိလစ်ပိုင်(၆၇)၊ ကမ္ဘောဒီးယား (၇၃)၊ လာအို(၈၃) နှင့် မြန်မာ (၁၂၀) တို့ အစဉ်အတိုင်း ရှိနေသည်။ 

ပုံတွင် အပြာသည် ၂၀၂၁ ရမှတ်၊ အစိမ်းရင့်သည် အထက်တန်းလွှာ လုပ်ငန်းစုများ ၏ဩဇာညောင်းခြင်း၊ အစိမ်းနုသည် အထက်တန်းလွှာ လုပ်ငန်းစုများမှ အကျိုးဖြစ်ထွန်းသော လုပ်ကိုင်မှုများ၏ ရလဒ်များအတွက် တန်ဖိုးထားခြင်း ဖြစ်သည်။

Global News Read 344 times