ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ ENEOS နုတ်ထွက်ကြောင်းကြေညာ


02 May, 2022

ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းမှ ENEOS နုတ်ထွက်ကြောင်းကြေညာ


ဂျပန်နိုင်ငံမှ စွမ်းအင်လုပ်ငန်းစုကြီး ENEOS Holdings က မေလ ၂ ရက် တနင်္လာနေ့တွင် မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသည့် ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာပါသည်။

ထိုင်းနှင့် မလေးရှားတို့မှ စွမ်းအင်လုပ်ငန်းကြီးများက ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ENEOS ကလည်း တံခွန် ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

 

 

ENEOS လုပ်ငန်းစုတွင် ပါဝင်သော JX Nippon Oil & Gas Exploration သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းတွင် ပါဝင်နေရာ၌ ဂျပန်အစိုးရနှင့် Mitsubishi Corporation တို့အတွက်ပါ ပါဝင်ခြင်း ဖြစ်ပါသည်။

Nippon Oil Exploration သည် ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းတွင် ဝေစု ၁၉.၃% ပိုင်ဆိုင်ပါသည်။ ရဲတံခွန်တွင် လုပ်ကိုင်ခဲ့သည့် သက်တမ်းမှာ နှစ်ပေါင်း ၂၀ ဝန်းကျင် ရှိပြီ ဖြစ်ပါသည်။

 

ENEOS Holdings ၏ ထုတ်ပြန်ကြေညာချက်ကို ဖော်ပြအပ်ပါသည်။

 

Investment/Divestment Read 4491 times