ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival


05 December, 2022

ပရူဒန်ရှယ်အာမခံမှ မန္တလေးမြို့ရှိ ကျန်းမာကြံ့ခိုင်ရေး စိတ်ပါဝင်စားသူများအား Good Vibe Tribe Festival 2.0 တွင် ပါဝင်ဆင်နွှဲရန် ဖိတ်ကြား


အဆိုပါပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ စနေနေ့တွင် မနက် ၇ နာရီမှ ၁၁ နာရီထိ ကုက္ကိုကျွန်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ကျွမ်းကျင်နည်းပြဆရာများ ဦးဆောင်သွားမည့် Zumba၊ ယောဂနှင့် အက လှုပ်ရှားမှုအစီအစဉ်များအပြင် အခြားစိတ်လှုပ်ရှားစရာ အစီအစဉ်များတွင် မည်သူမဆို အခမဲ့ ပါဝင်နိုင်မည်ဖြစ်ပါသည်။

 

 

 

Prudential Myanmar Life Insurance Limited (ပရူဒန်ရှယ်အာမခံ) က ယခုနှစ်အတွင်း ဒုတိယမြောက် Good Vibe Tribe Festival ကို မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သည့်မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ယခုပွဲသည် နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကျန်းမာစေသော အလေ့အထများ နေ့စဉ် လုပ်ဆောင်ကြရန် တိုက်တွန်းအားပေးသည့်အနေဖြင့် စီစဉ်ကျင်းပခြင်းဖြစ်သည်။

 

Good Vibe Tribe Festival 2.0 ဟု အမည်ပေးထားသော ယခုပွဲအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ စနေနေ့တွင် မန္တလေးမြို့၊ ကုက္ကိုကျွန်းတွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးသူ၊ မန္တလေးသားများအတွက် ကျွမ်းကျင်နည်းပြများဖြစ်သည့် Zumba နည်းပြဖြစ်သူ Noel၊ ယောဂနည်းပြဖြစ်သူ Leo Marco၊ အက နည်းပြများဖြစ်သူ YOLO YOLO တို့မှ ဦးဆောင်သွားမည့် လေ့ကျင့်ခန်းအစီအစဉ်များပါဝင်နိုင်ရန် မျှော်မှန်းထားသည်။

 

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပရူဒန်ရှယ်အာမခံက မြန်မာနိုင်ငံတွင် အကြီးမားဆုံး အားလုံးပါဝင်နိုင်သည့် ကျန်းမာပျော်ရွှင်ရေး ဗဟိုပြုရပ်ဝန်းဖြစ်သည့် Good Vibe Tribe လူမှုရပ်ဝန်းကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ “Good Vibe Tribe Community by Prudential Myanmar” လူမှုရပ်ဝန်းသည် လက်ရှိ အဖွဲ့ဝင်ပေါင်း (၁၀,၀၀၀) နီးပါးရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအနေဖြင့် အဖွဲ့ဝင်အချင်းချင်း ချိတ်ဆက်နိုင်ပြီး အတူတကွ လေ့လာသင်ယူနိုင်၊ အပြိုင်အဆိုင် လေ့ကျင့်မှုများပြုလုပ်နိုင်၊ ကျန်းမာရေး ပန်းတိုင်များအား အတူတကွ ရယူနိုင်သည့်အပြင် ကျန်းမာပျော်ရွှင်ရေးဆိုင်ရာ အကြောင်းအရာ အချက်အလက်များကို မျှဝေနိုင်ရန် တိုက်တွန်းအားပေးလျက်ရှိပါသည်။ Good Vibe Tribe လူမှုရပ်ဝန်းကို မည်သူမဆို အခမဲ့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

 

ပရူဒန်ရှယ်အာမခံမှ Good Vibe Tribe Festival အား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၆ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လူပေါင်း (၅၀၀) ကျော်မှ လေ့ကျင့်လှုပ်ရှားမှုအစီအစဉ်များကို ပျော်ရွှင်စွာ အတူပါဝင်ဆင်နွဲခဲ့ကြသည်။ ရန်ကုန်မြို့တွင် ကျင်းပခဲ့သောပွဲ၏ အောင်မြင်မှုရလဒ်များကြောင့် ပရူဒန်ရှယ်အာမခံသည် Good Vibe Tribe လူမှုရပ်ဝန်းအား မန္တလေးမြို့တွင် စတင် မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး မန္တလေးသူ၊ မန္တလေးသားများ၏ ကျန်းမာပျော်ရွှင်ရေးခရီးစဉ်အား စတင်နိုင်ရန် တိုက်တွန်းအားပေးသွားမည်ဖြစ်သည်။

 

“ပရူဒန်ရှယ်အာမခံအနေနဲ့ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်ဖို့ ကတိကဝတ်ပြုထားပြီး Good Vibe Tribe လူမှုရပ်ဝန်းကတစ်ဆင့် ပြည်သူတွေ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို စတင်မွေးမြူပြီး ပိုမိုကျန်းမာကြံ့ခိုင်လာအောင် တိုက်တွန်းအားပေးသွားမှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ Good Vibe Tribe Festival 2.0 ပွဲကို လက်ခံကျင်းပခွင့်ရတဲ့အတွက် ပရူဒန်ရှယ်အာမခံအနေနဲ့ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ လူမှုရပ်ဝန်းထဲမှာ ပါဝင်နိုင်ဖို့နဲ့ စိတ်လှုပ်ရှားစရာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ၊ ဂိမ်းအစီအစဉ်တွေနဲ့ စိန်ခေါ်မှုတွေမှာ ဝင်ရောက်ဆင်နွှဲနိုင်ဖို့အတွက် လူတွေအများကြီးတက်ရောက်ကြဖို့လည်း မျှော်လင့်နေပါတယ်။” ဟု ပရူဒန်ရှယ်အာမခံ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနိုင်အေးလင်းက ပြောကြားခဲ့ပါသည်။

 

Good Vibe Tribe Festival 2.0 ကို တက်ရောက်ရန် စိတ်ဝင်စားသူများ အနေဖြင့် ပရူဒန်ရှယ်အာမခံ၏ website - www.prudential.com.mm/mm/Good_Vibe_Tribe_Mandalay/ မှတစ်ဆင့် စာရင်းပေးသွင်းကာ တက်ရောက်နိုင်ပါသည်။

 

စာရင်းပေးသွင်းရန်နှင့် ပွဲတက်ရောက်ရန်တို့မှာ အခမဲ့ ဖြစ်သော်လည်း တက်ရောက်မည့်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအရ မဖြစ်မနေ ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အွန်လိုင်းမှ တစ်ဆင့် စာရင်းပေးသွင်းခြင်းအတွက် အရင်ဆုံးစာရင်းပေးသွင်းသူများကို ဦးစားပေးသွားမည်ဖြစ်ပြီး စာရင်းပေးသွင်းပြီးသူများသည် အခမ်းအနားကျင်းပရာနေရာတွင် scan ဖတ်ရန် QR ကုဒ်တစ်ခုကို လက်ခံရရှိမည်ဖြစ်ပါသည်။

 

 

 

၂၀၂၂ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် Good Vibe Tribe Festival ပွဲတွင် ပွဲတက်ရောက်သူများ ပါဝင်ဆင်နွှဲနေပုံ

 

Good Vibe Tribe လူမှုရပ်ဝန်းအကြောင်း ပိုမိုသိရှိလိုပါက -

 

Good Vibe Tribe လူမှုရပ်ဝန်း - www.facebook.com/groups/goodvibetribebyprudential

Good Vibe Tribe Festival 2.0 အား တက်ရောက်ရန် စာရင်းသွင်းရန် - https://bit.ly/3FevvkP

Good Vibe Tribe Festival 2.0 ဗီဒီယို - https://fb.watch/h5h6VyqE-e/

 

 

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar Life Insurance (ပရူဒန်ရှယ်အာမခံ) သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားကို အဓိကထား၍ အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော Prudential plc ၏ အပိုင် အသက်အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ်စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက်အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင်  မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်  လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

ပရူဒန်ရှယ်အာမခံသည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်နေပါသည်။ ပရူဒန်ရှယ်အာမခံ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်ပေးရန် ကတိကဝတ်ပြုထားသည်။

အသေးစိတ်သိရှိလိုပါက Prudential Myanmar Life Insurance ဝက်ဘ်ဆိုက် http://www.prudential.com.mm/ နှင့် Facebook စာမျက်နှာ www.facebook.com/PrudentialMyanmarLifeInsurance တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

 

Prudential plc အကြောင်း

Prudential plc သည် အာရှနှင့် အာဖရိက ဒေသတစ်လွှားရှိ ဈေးကွက် (၂၃) ခုတွင် အသက်အာမခံ၊ ကျန်းမာရေး အာမခံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲသည့် ဝန်ဆောင်မှုများ ပေးအပ်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ Prudential plc လုပ်ငန်းသည် ကျန်းမာရေးစောင့်ရှောက်မှုများကို ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူရယူနိုင်အောင် ပြုလုပ်ပေးခြင်းနှင့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်းဖြင့် လူအများ၏ ဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးနေပါသည်။ Prudential သည် လူအများ၏ ပိုင်ဆိုင်မှုကို ကာကွယ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်အောင်နှင့် ရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်အောင် ကူညီပေးလျက်ရှိပါသည်။ Prudential plc တွင် အသက်အာမခံရယူသူ ၁၉ မီလီယံကျော်ရှိပြီး ဟောင်ကောင် စတော့အိတ်ချိန်း (2378) နှင့် လန်ဒန် စတော့အိတ်ချိန်း (PRU) ဈေးကွက်များတွင် primary listings စာရင်းဝင်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် စင်ကာပူ စတော့အိတ်ချိန်း (K6S) တွင် secondary listing စာရင်းဝင်ခဲ့ပြီး အမေရိကန်နိုင်ငံ အသိအမှတ်ပြု American Depositary Receipts အရ နယူးယောက် စတော့အိတ်ချိန်း (PUK) တွင်လည်း စာရင်းဝင်ခဲ့ပြီး ဖြစ်ပါသည်။

Prudential plc သည် အမေရိကန်ပြည်ထောင်စုတွင် အဓိက လုပ်ငန်းအခြေစိုက်သည့် Prudential Financial, Inc. နှင့် United Kingdom ရှိ M&G plc ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Prudential Assurance Company တို့နှင့် လုပ်ငန်းဆက်စပ်မှု မရှိပါ။ https://www.prudentialplc.com/

 

 

Prudential Myanmar Invites Health and Wellness Enthusiasts in Mandalay to Participate in the

Good Vibe Tribe Festival 2.0

To be held at Kokko Island from 7am to 10am on Saturday, 17 December 2022, the activity-filled event, free of charge and open to all, will feature expert instructors leading Zumba, Yoga and Dance sessions

 

 

 

Prudential Myanmar Life Insurance Limited (Prudential Myanmar) will be hosting its second Good Vibe Tribe Festival of the year, this time in Myanmar’s second largest city of Mandalay, as part of its efforts to encourage people across the country to adopt healthy habits on a daily basis.

 

The event, named Good Vibe Tribe Festival 2.0, will be held from 7am to 10am on Saturday, 17 December 2022, at Kokko Island, and is expected to draw attendance from people in Mandalay who will participate in workout sessions led by expert instructors – Noel (Zumba), Leo Marco (Yoga) and YOLO YOLO (Dance).

 

In July 2022, Prudential Myanmar launched the Good Vibe Tribe, Myanmar’s largest, inclusive community focused on fitness and wellness. The “Good Vibe Tribe Community by Prudential Myanmar”, now with close to 10,000 members, encourages people across the country to connect, learn, set exercise challenges, work towards health goals, and share health and wellness information. The community is open to everyone and free to join.

 

Prudential Myanmar organized the first Good Vibe Tribe Festival in Yangon on 6 August 2022 which saw more than 500 attendees enjoy workout sessions together. Inspired by the success of the Yangon event, Prudential Myanmar is seeking to grow the Good Vibe Tribe community in Mandalay and encourage more people to get started on their health and wellness journey.

 

"Prudential Myanmar is committed to improving the health of people across Myanmar and through the Good Vibe Tribe community, we are inspiring many across the country every day to adopt a healthy lifestyle so they can enjoy better health and wellness. We are thrilled to be hosting Good Vibe Tribe Festival 2.0 in Mandalay, and we hope to see many people joining us for fun workouts, games and challenges, and to be immersed in a community spirit spurred by positivity and good vibes,” shared U Naing Aye Lynn, CEO of Prudential Myanmar.

 

Persons interested to attend the Good Vibe Tribe Festival 2.0 can register online at the Prudential Myanmar website: www.prudential.com.mm/mm/Good_Vibe_Tribe_Mandalay/.

 

Registration and attendance at the event is free of charge, however, attendees must register in advance for admission to the event for health and safety reasons. Online registration is on a first-come-first served basis and registered attendees will receive a QR code to scan at the event venue.

 

 

Attendees participating in the Good Vibe Tribe Festival event in Yangon on 6 August 2022

 

For more information about the Good Vibe Tribe community, please visit:

 

Good Vibe Tribe Community: https://www.facebook.com/groups/goodvibetribebyprudential

Good Vibe Tribe Festival 2.0 Registration Link: https://bit.ly/3FevvkP

Good Vibe Tribe Festival 2.0 Video: https://fb.watch/h5h6VyqE-e/

About Prudential Myanmar Life Insurance

Prudential Myanmar Life Insurance (Prudential Myanmar) is a wholly owned life insurance operation of Prudential plc, which provides life and health insurance and asset management, with a focus on Asia and Africa. In November 2019, Prudential was granted a life insurance licence from the Ministry of Planning and Finance (MoPF) of Myanmar to offer life insurance products and solutions to the people of Myanmar to meet their growing long-term protection and savings needs.

 

Prudential Myanmar is focused on supporting national efforts to raise life insurance penetration and financial inclusion in the country. With its technology-enabled approach, Prudential Myanmar is committed to reach as many people as possible, and to ensure they enjoy an easy, simple and convenient experience.

 

For more information, visit Prudential Myanmar’s website: www.prudential.com.mm or Facebook page: www.facebook.com/PrudentialMyanmarLifeInsurance

 

About Prudential plc

Prudential plc provides life and health insurance and asset management in 23 markets across Asia and Africa. The business helps people get the most out of life, by making healthcare affordable and accessible and by promoting financial inclusion. Prudential protects people’s wealth, helps them grow their assets, and empowers them to save for their goals. The business has more than 19 million life customers and has dual primary listings on the Stock Exchange of Hong Kong (2378) and the London Stock Exchange (PRU). It also has a secondary listing on the Singapore Stock Exchange (K6S) and a listing on the New York Stock Exchange (PUK) in the form of American Depositary Receipts. It is also a constituent of the Hang Seng Composite Index.

 

Prudential is not affiliated in any manner with Prudential Financial, Inc. a company whose principal place of business is in the United States of America, nor with The Prudential Assurance Company Limited, a subsidiary of M&G plc, a company incorporated in the United Kingdom. https://www.prudentialplc.com/

Insurance Read 459 times