အာရှနိုင်ငံများ ငွေကြေးဖောင်းပွမှု ထိန်းရန်အတိုးနှုန်းကို လျင်မြန်စွာ မြှင့်တင်ရမည်ဟု IMF  ဒါရိုက်တာ


30 July, 2022

အာရှနိုင်ငံများ ငွေကြေးဖောင်းပွမှု ထိန်းရန်အတိုးနှုန်းကို လျင်မြန်စွာ မြှင့်တင်ရမည်ဟု IMF  ဒါရိုက်တာ ပြောကြား 

ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စားနပ်ရိက္ခာနှင့် လောင်စာဆီ ကုန်ကျစရိတ်များ ကမ္ဘာတစ်လွှား မြင့်တက်မှုများကြောင့် ငွေကြေးဖောင်းပွမှု ဖိအားများ မြင့်တက်လာနေသည်ဖြစ်ရာ အာရှရှိ ဗဟိုဘဏ်များသည် အတိုးနှုန်းကို လျင်မြန်စွာ မြှင့်တင်ရမည်ဖြစ်ကြောင်း အကြီးတန်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund (IMF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 “အာရှ၏ ကြီးထွားလာနေသော ငွေကြေးဖောင်းပွမှု ဖိအားများသည် အခြားဒေသများနှင့် နှိုင်းယှဉ်ပါက အလယ်အလတ် ရှိနေဆဲဖြစ်သော်လည်း နိုင်ငံအများအပြားတွင် ဈေးနှုန်းမြင့်တက်မှုသည် ဗဟိုဘဏ်၏ လျာထားချက်များထက် ကျော်လွန်နေပါသည်” ဟု IMF ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနမှ ဒါရိုက်တာ Krishna Srinivasan က ဇူလိုင် ၂၈ ရက်တွင်  ဘလော့ဂ်တစ်ခု၌ ရေးသားခဲ့သည်။  

ငွေကြေးဖောင်းပွမှု အရှိန်အဟုန်မြှင့်တက်လာသော စားသောက်ကုန်အမျိုးမျိုးနှင့် စွမ်းအင်အမျိုးမျိုးတို့၏ ဈေးနှုန်းများမှအပဖြစ်သော အခြားအခရာကျသည့်ဈေးနှုန်းများ ကျယ်ကျယ်ကျယ်ပြန့်ပြန့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လျက် ရှိသည်။သို့ဖြစ်ရာ နိုင်ငံစီးပွားရေးများသည် 

ကို ဖယ်ထုတ်ထားသည့် အဓိကစျေးနှုန်းများအထိ ငွေကြေးဖောင်းပွမှု ကျယ်ပြန့်လာခြင်းကြောင့် နိုင်ငံအများအပြားသည် အတိုးနှုန်းကို လျင်မြန်စွာ မြှင့်တင်ပေးဖို့ လိုအပ်လျက် ရှိသည်ဟု သူက ပြောကြားထားသည်။
အာရှမှ ထွန်းသစ်စ နိုင်ငံစီးပွားရေးအများစုသည် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အရင်းအနှီးများ စီးထွက်မှု ကြုံတွေ့ကြရသည်ဟု သူက ပြောကြားသည်။
 
ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အရင်းအနှီး အမေရိကန် ဒေါ်လာ ၂၃ ဘီလီယံ ပြန်ထုတ်ယူသွားကြသည့် အိန္ဒိယနိုင်ငံစီးပွားအတွက် စီးထွက်မှုပမာဏဟာ အထူးတလည် ကြီးမားကြောင်း သူက ရေးသားခဲ့ပါတယ်။
တောင်ကိုရီးယားနှင့် တိုင်ဝမ်တို့၏ နိုင်ငံစီးပွားရေးများတွင်လည်း အရင်းအနှီးများ ပြန်ထုတ်ယူသွားကြသည်ကို တွေ့ရသည်။

ကမ္ဘာ့‌ေငွ‌ေကြးအကျပ်အတည်းမတိုင်မီ အာရှ၏ စုစုပေါင်းကြွေးမြီဝေစုသည် ၂၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ COVID-19 အလွန်တွင်  ၃၈ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်ဖြစ်ရာ ဒေသအနေဖြင့်  ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေပြောင်းလဲမှုများအတွက်  ခံနိုင်ရည် ရှိနိုင်မှာလားဟု သံသယဝင်ရသည်ဟု  Srinivasan က ပြောကြားခဲ့သည်။
အရင်းအနှီးများ စီးထွက်ခြင်း ရုတ်တရက်များပြားခြင်း မှန်သမျှကို ထိန်းချုပ်ဖို့ လိုအပ်သည်ဟု သူက ပြောကြားသည်။

Srinivasan က မည်သည့်နိုင်ငံများက အတိုးနှုန်းကို အလျင်အမြန် တိုးမြှင့်ရမည်ဆိုသည်ကို သတ်သတ်မှတ်မှတ် ပြောကြားခြင်း မပြုချေ။

တောင်ကိုရီးယား၊ စင်ကာပူ၊ နယူးဇီလန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပြီးခဲ့သည့်လတွင် ငွေကြေးမူဝါဒကို တင်းကျပ်ခဲ့ကြသည်။
လူနေမှုစရိတ်များ မြင့်တက်လာခြင်းကြောင့် ဗဟိုဘဏ်များက ချေးငွေရယူခြင်းအတွက် အကုန်အကျ ပိုများအောင် မြှင့်တင်ပေးထားကြသည်။
နိုင်ငံတွေက အခါမနှောင်းခင် လိုအပ်တဲ့နေရာမှာ မူဝါဒကို ချိန်ညှိပေးရမည်ဖြစ်ကြောင်း Srinivasan က ပြောကြားသည်။
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: Reuters

Banking & Loan Read 3491 times