ရုရှားရေနံ အိန္ဒိယ အလိုရှိသလောက် ဝယ်ယူနိုင်ကြောင်း အမေရိကန် ပြောကြား


14 November, 2022

ရုရှားရေနံ အိန္ဒိယ အလိုရှိသလောက် ဝယ်ယူနိုင်ကြောင်း အမေရိကန် ပြောကြား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရုရှားရေနံစိမ်း ရောင်းဈေး အမြင့်ဆုံးဈေးကို G7 က သတ်မှတ်ပေးထားမယ့် အစီအစဉ်ကို လုပ်ဆောင်နေပါတယ်။ မလိုက်နာရင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ 

 

အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး Janet Yellen


ဒါပေမဲ့ ရုရှားရေနံကို အိန္ဒိယက အလိုရှိသလောက်  ဆက်လက်ဝယ်ယူနိုင်ကြောင်း၊ G7 ချမှတ်ထားသော ဈေးနှုန်းထက် ဈေးပိုပေးရလျှင်လည်း ဝယ်ယူနိုင်ကြောင်း အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီး Janet Yellen က သောကြာနေ့ (နိုဝင်ဘာ ၁၁)တွင်ပြောကြာခဲ့းပါတယ်။

ရုရှားရေနံ ရောင်းဈေး အများဆုံးဈေးကို G7 က သတ်မှတ်ကန့်သတ်ပေးထားတဲ့အတွက်  ရုရှား၏ ရေနံဝင်ငွေများကို ထိန်းချုပ်နေချိန်မှာ ကမ္ဘာ့ရေနံဈေးကိုလည်း ကျဆင်းစေမယ်လို့ Yellen က Reuters နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါတယ်။

သတ်မှတ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ကို အီးယူဈေးကွက်ထဲ ကျင့်သုံးမှာ ဖြစ်ပါတယ်။ သတ်မှတ်ဈေးနှုန်းထက် များနေရင် အီးယူနိုင်ငံများက အဝယ်ရပ်ထားလိုက်မှာ ဖြစ်ပါတယ်။ 
ထို့ပြင် သတ်မှတ်ဈေးနှုန်းထက် ဈေးပိုများနေတဲ့ ရုရှားရေနံ တင်ဆောင်ထားတဲ့ ရေနံတင်သင်္ဘောကို အနောက်နိုင်ငံများမှ သက်ဆိုင်ရာကုမ္ပဏီများက  အာမခံ၊ ပင်လယ်ရေကြောင်း ဝန်ဆောင်မှုများ၊ ဘဏ္ဍာရေးတို့ ပေးအပ်ဖို့ ငြင်းဆန်မှာ ဖြစ်ပါတယ်။ 

အိန္ဒိယက ရုရှားရေနံကို ဝယ်ယူရာမှာ သတ်မှတ်ဈေးထက် ပိုများနေရင် ၎င်းဝန်ဆောင်မှုများ မသုံးစွဲဘဲ ရုရှားရေနံကို ဝယ်ယူတင်သွင်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ သတ်မှတ်ဈေးနှုန်းအတိုင်း ဖြစ်စေ၊ သတ်မှတ်ဈေးနှုန်းထက် လျော့နည်းနေလျှင်ဖြစ်စေ ဘာပြဿနာမှ အထွေးအထူး ရှိမှာ မဟုတ်ပါ။ 
 
ရုရှားရေနံ အများဆုံးဈေးနှုန်း သတ်မှတ်ပြဋ္ဌာန်းခြင်းကို G7 က ဒီဇင်ဘာလ ၅ ရက် မတိုင်ခင် ကျင့်သုံးမယ်လို့ သိရပါတယ်။
ရုရှားရေနံ  Ural ရေနံစိမ်း အမျိုးအစားကို တစ်စည်လျှင် $63-64 သတ်မှတ်ဖို့ လျာထားပါတယ်။

ယခုအခါ တရုတ်နိုင်ငံဟာ ရုရှားရေနံ အများဆုံး ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယသည်  ရုရှားရေနံ ဒုတိယ အများဆုံး ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံဖြစ်ပါတယ်။ 
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 338 times