ထိုင်း Kbank က အင်ဒိုနီးရှား Bank Maspion တွင် အစုရှယ်ယာ ဒေါ်လာ သန်း ၂၀၀ ဖိုး ဝယ်ယူ


31 May, 2022

ထိုင်း Kbank က အင်ဒိုနီးရှား Bank Maspion တွင် အစုရှယ်ယာ ဒေါ်လာ သန်း ၂၀၀ ဖိုး ဝယ်ယူ

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံးဘဏ်လုပ်ငန်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ Ayeyarwaddy Farmers Development Bank ရဲ့ အစုရှယ်ယာ ၃၅% ကို ၂၀၂၀ မှာ ဝယ်ယူထားတဲ့  Kasikornbank (Kbank) က အင်ဒိုနီးရှားမှ Bank Maspion ရဲ့ ရှယ်ယာအများစုကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူလိုက်ပါတယ်။
Bank Maspion ရဲ့ အစုရှယ်ယာ ၆၇.၅% ကို  Kbank က ဝယ်ယူလိုက်တာဖြစ်ပြီး အရောင်းအဝယ်ကိစ္စအဝဝ ယခုနှစ်ကုန်မှာ ပြီးစီးပါမယ်။  ယခုလို ဝယ်ယူလိုက်တဲ့အတွက် ပိုင်ဆိုင်မှုများအရ Kbank က ထိုင်းနိုင်ငံမှာ ဒုတိယအကြီးမားဆုံး အနေအထားကို ရရှိပါတယ်။


ဒေသတွင်းမှာ စီးပွားရေး အရွယ်အစား အကြီးမားဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ထိုင်းဘဿ်လုပ်ငန်းများက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြုကြပါတယ်။ Bangkok Bank က Bank Permata မှာ လွန်ခဲ့တဲ့ ၂ နှစ်တုန်ူက အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၂.၂၈ ဘီလျံဖိုး ဝယ်ယူခဲ့ပါတယ်။


 ယခင် ၂၀၁၇ ခုနှစ်တုန်းက Bank Maspion မှာ ရှယ်ယာ ၁၀% ဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ယခုအခါ ရှယ်ယာများ ထပ်တိုးပြီး ဝယ်ယူလိုက်တဲ့အတွက် Kbank အနေဖြင့် အင်ဒိုနီးရှားမှာ ပိုမိုခိုင်မြဲတဲ့ ခြေကုပ်ကို ရရှိမှာ ဖြစ်ပါတယ်။


Kbank က ဗီယက်နမ်မှာ ယမန်နှစ်က ပထမဆုံးဘဏ်ခွဲကို ဖွင့်လှစ်ခဲ့ပါတယ်။ လာအိုနှင့် ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍများမှာလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ 

Myanmar Industry Guide

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် - မန္တလေး၏ ပထမဆုံးဘဏ်ခွဲကို မန္တလေးမြို့တွင်ဖွင့်လှစ်

Banking & Loan Read 1355 times