ရန်ကုန် မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးရှိ  KBZ ATM များတွင် ငွေသားထုတ်ယူနိုင်


09 June, 2022

ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်မြို့ နှင့် တောင်ကြီးမြို့ရှိ  KBZ ATM များတွင် ငွေသားထုတ်ယူနိုင်

 

ကမ္ဘောဇဘဏ်အနေဖြင့် Customer များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိရာ ဇွန်လ ၉ ရက်နေ့ ၂၀၂၂ ခုနှစ်မှစတင်ပြီး သတ်မှတ်ထားသော ATM များ၌ ငွေသားထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလိုက်ပြီ ဖြစ်ပါသည်။ 

ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်မြို့ နှင့် တောင်ကြီးမြို့ရှိ သတ်မှတ်ထားသော KBZ ATM များတွင် တစ်ပတ်လျှင် အများဆုံး(၃) သိန်းကျပ်အား ကမ္ဘောဇဘဏ် MPU Debit (ATM ကတ်) မှဖြစ်စေ၊ mBanking Cardless Withdrawal ကတ်မဲ့ငွေထုတ်ခြင်းနည်းလမ်းဖြင့်ဖြစ်စေ ထုတ်ယူနိုင်ပါသည်။ 

ငွေသားထုတ်ယူနိုင်သော KBZ ATM များ ဆက်လက်တိုးချဲ့ပေးသွားမည်ဖြစ်ပြီး ATM စာရင်းများကိုလည်း အချိန်နဲ့တပြေးညီကြေညာသွားမည်ဖြစ်ပါသည်။

  • ရန်ကုန်မြို့တွင် ငွေသားထုတ်ယူနိုင်သည့် ATM ၁၅ ခု
  • မန္တလေးမြို့တွင် ငွေသားထုတ်ယူနိုင်သည့် ATM ၁၀ ခု
  • တောင်ကြီးမြို့တွင် ငွေသားထုတ်ယူနိုင်သည့် ATM ၉ ခု
  • နေပြည်တော်တွင် ငွေသားထုတ်ယူနိုင်သည့် ATM ၁၃ ခု

ငွေသားထုတ်ယူနိုင်သော KBZ ATM မျာ တည်ရာလိပ်စာစာရင်းကို ဖော်ပြအပ်ပါသည်။

 

 

 

 

Banking & Loan Read 6008 times