အာရှဈေးကွက် လျှပ်စစ်စွမ်းအင်အတွက်  LNG မလုံလောက်သည့် ပြဿနာ မရှိ


08 November, 2022

အာရှဈေးကွက် လျှပ်စစ်စွမ်းအင်အတွက်  LNG မလုံလောက်သည့် ပြဿနာ မရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ဥရောပတိုက်တွင် လျှပ်စစ်ဓာတ်အားမလုံမလောက် ပြတ်တောက်မည့် အလားအလာကို   ရင်ဆိုင်နေရသော်လည်း  အာရှ-ပစိဖိတ်ဒေသတွင်း ကျောက်မီးသွေးအများအပြားကို အသုံးပြုနေသေးသောကြောင့် အဓိကအားဖြင့် အာရှ-ပစိဖိတ်ဓာတ်အား ထောက်ပံ့မှုမှာ ဖူလုံမှုရှိနေဆဲဖြစ်သည်။
ဉရောပတွင် သဘာဝဓာတ်ငွေ့ရည်  liquified natural gas LNG တင်သွင်းမှု မြင့်တက်သဖြင့် LNG ဈေးနှုန်းများ မြင့်တက်သောကြောင့် အာရှမှ ဓာတ်အားစက်ရုံများသည် LNG ကို ဈေးကြီးပေးပြီး ဝယ်ယူခြင်းကို အနည်းနှင့်အများ လက်ရှောင်ထားနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် အာရှရှိ ဓာတ်အားစက်ရုံများတွင် အများစုသည် နဂိုကတည်းက LNG လက်လှမ်းမမီကြချေ။
 .
ရုရှားသည် ဥရောပသို့ သဘာဝဓာတ်ငွေ့ ပေးပို့မှုများကို ဖြတ်တောက်သဖြင့် အပူဓာတ်ရဖို့ စွမ်းအင် အသုံးများမည့် ဆောင်းရာသီတွင် ဥရောပရှိ နိုင်ငံအများအပြားတို့သည် ဓာတ်ငွေ့အကျပ်အတည်းဆီသို့ ရောက်ရှိသွားနိုင်သည့် အလားအလာ ရှိနေသည်။ 
ယူကေမှ National Grid ကလည်း ဓာတ်အားပြတ်တောက်မှု ဖြစ်‌ေပါ်နိုင်ကြောင်း သတိပေးထားသည်။.
ဥရောပတွင် LNG တင်သွင်းမှု မြင့်မားနေချိန်တွင် အာရှသည် ဈေးကြီးနေသော LNG တင်သွင်းမှုကို လက်ရှောင်ကြသဖြင့် အာရှ LNG တင်သွင်းသည့် ပမာဏ လျော့ကျနေသည်။
.
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ International Energy Agency IEA ၏ နောက်ဆုံးထုတ် ဓာတ်ငွေ့အစီရင်ခံစာအရ ယခုနှစ် ပထမ ရှစ်လအတွင်း အာရှဒေသ  LNG တင်သွင်းမှုသည် ယခင်နှစ် အလားတူအချိန်နှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
.
“အာရှမှာ ဓာတ်ငွေ့သုံးမယ့်အစား နိုင်ငံတွေက ကျောက်မီးသွေးကို သုံးကြတယ်။ ကျောက်မီးသွေးက အာရှမှာ ထွက်လို့  ပြည်တွင်းမှာ စျေးနည်းတယ်” ဟု S&P ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဆိုင်ရာ ဗျူဟာမှူး Atul Aryal က ပြောကြားသည်။
"အာရှမှာ ဓာတ်ငွေ့သုံးစွဲမှု မြင့်တက်လာခဲ့ပြီး အခုတော့ လောလောဆယ်မှာ ပြန်လျော့ကျသွားပြီ" ဟု ၎င်းက ပြောကြားသည်။
.
အာရှဓာတ်အား ထုတ်လုပ်မှုတွင် ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ခြင်းပမာဏက ၁၁% မျှသာ ရှိပြီး အများစုသည် ဓာတ်ငွေ့ကို ပြည်တွင်းမှာ ထုတ်လုပ်သည်။ 
ကျောက်မီးသွေးဖြင့် ဓာတ်အားထုတ်လုပ်ကြသည်က ပိုများသည်။ အာရှ-ပစိဖိတ်ဈေးကွက်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ကျောက်မီးသွေး၏ဝေစုမှာ ၆၀% ကျော်ရှိသည်။
.
ကမ္ဘာ့အကြီးဆုံး LNG တင်သွင်းသည့် တရုတ်နိုင်ငံသည် ယခုအခါ LNG တင်သွင်းမှုသည် ၅၉ ရာခိုင်နှုန်းဖြင့် ကျဆင်းသွားသည်။ ကျဆင်းမှု အများဆုံးအဖြစ် စံချိန်တင်သည်။
ဂျပန်က ၁၇% ၊ ပါကစ္စတန်က ၇၃%၊ အိန္ဒိယက ၂၂% လျော့ကျကြောင်း IEA မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
Source CNBC
 

Energy News Read 287 times