၂၀၂၂ တွင် အမေရိကန်သည် LNG အများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်လာမည်


24 December, 2021

၂၀၂၂ တွင် အမေရိကန်သည် LNG အများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်လာမည်

လာမယ့် ၂၀၂၂ မှာ အမေရိကန်ပြည်ထောင်စုက ကမ္ဘာပေါ်မှာ သဘာဝဓာ်ငွေ့ရည်  liquefied natural gas (LNG) ပမာဏ အများဆုံးတင်ပို့တဲ့ နိုင်ငံ ဖြစ်လာပြီး နောက်နှစ်တွေမှာလည်း ကာတာနဲ့ ဩစတေးလျတို့ထက် ပိုများနေပြီး သရဖူ ဆက်ဆောင်း ထားပါလိမ့်မယ်။ 


တရုတ်နှင့် ဥရောပနှင့် အာရှရှိ အခြားစီးပွားရေး ကြီးမားတဲ့ နိုင်ငံများက ဆောင်းတွင်းကာလ အပူ‌ေပးရန်နှင့် ဓာတ်အားထုတ်လုပ်ရန် လုံလောက်သော အရင်းအမြစ်များရရှိဖို့ ရုန်းကန်နေချိန်တွင် အမေရိကန်ပြည်ထောင်စုက ဓာတ်ငွေ့သိုက်များအပေါ်မှာ ခွထိုင်ထားပြီး လာမယ့်နှစ်များမှာ ယခုထက် ပိုမိုထုတ်လုပ်ပြီး ပိုမိုတင်ပို့နိုင်မှာ ဖြစ်ပါတယ်။

တရုတ်နှင့် အာရှနိုင်ငံများမှာ LNG လိုအပ်ချက်မြင့်တက်လာလို့ ကမ္ဘာ့ LNG လိုအပ်ချက် စံချိန်တင် မြင့်တက်ပါတယ်။ တစ်ချိန်တည်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်တင်ပို့မှု တဖြည်းဖြည်း ပိုများလာပါတယ်။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာ တင်ပို့မှု ပမာဏ စံချိန်သစ် တင်ခဲ့တာ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ မှာလည်း အစဉ်အလာမပျက် စံချိန်သစ် တင်ပါလိမ့်မယ်။
U.S. Energy Information Administration မှ ကြိုတင်တွက်ဆထားတာ ၂၀၂၂ မှာ အမေရိကန် LNG တင်ပို့မှု တစ်ရက် ဘီလျံ ကုဗပေ billion cubic feet per day (bcfd) ၁၁.၅ သန်း ဖြစ်လိမ့်မယ်။ လာမယ့်နှစ်မှာ ကမ္ဘာ့ LNG လိုအပ်ချက် တစ်ရက်ကို ၅၅.၃ ဘီလျံကုဗပေ ရှိလိမ့်မယ်။ အမေရိကန်မှ တစ်ရက် တင်ပို့မှုက ကမ္ဘာ့လိုအပ်ချက်ရဲ့ အကြမ်းအားဖြင့် ၂၂% ကို ြဖည့်တင်းပေးမှာ ဖြစ်ပါတယ်လို့ Goldman Sachs  က ဆန်းစစ်မှန်းဆ ထားပါတယ်။ LNG တင်ပို့မှု အကြီးမားဆုံး နှစ်နိုင်ငံ ဖြစ်တဲ့ ကာတာနဲ့ ဩစတေးလျတို့ လက်ရှိတင်ပို့နေတဲ့ ပမာဏထက် ကျော်လွန်မှာ ဖြစ်ပါတယ်။


၂၀၂၁ မှာ အမေရိကန်မှ အာရှသို့ တင်ပို့တဲ့ LNG မှာ အများဆုံး တင်သွင်းတဲ့ ၃ နိုင်ငံမှာ  တောင်ကိုရီးယားသို့ ၁၃% ၊ တရုတ်သို့ ၁၃% ၊ ဂျပန်သို့ ၁၀% တင်ပို့ခဲ့ပါတယ်။ ၂၀၂၀ မှာလည်း တောင်ကိုရီးယား နဲ့ ဂျပန် သို့ ၁၂% ၊ တရုတ်သို့ ၉% တင်ပို့ခဲ့ပါတယ်။


အမေရိကန် ပြည်တွင်းသုံး ပမာဏက အိမ်ခြေ ၅ သန်း သုံးဖို့ တစ်ရက် ၁ ဘီလျံကုဗပေ ဆိုရင် လုံလောက်ပါတယ်။

၂၀၂၅ အထိ အမေရိကန်က LNG အများဆုံးတင်ပို့သူအဖြစ် ပထမနေရာကို ဆက်လက်နေရာယူထားမှာ ဖြစ်ပြီး ကာတာနိုင်ငံက ဓာတ်ငွေ့သိုက်အသစ် စတင်ထုတ်လုပ်တဲ့အခါ ပထမနေရာကို ပြန်လည်ရယူပါလိမ့်မယ်။
ဒါပေမဲ့ အမေရိကန်မှာလည်း LNG ပို့ကုန်စက်ရုံ အသစ်‌ေတွ တည်ဆောက်နေတာကြောင့် ယခုထက် ပိုမိုတင်ပို့ နိုင်ခဲ့ရင်တော့ ပထမနေရာမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။


ဥရောပမှာ ဓာတ်ငွေ့လက်ကျန် နည်းနေလို့ ဖြည့်တင်းခြင်း၊ အာရှတွင် ဝယ်ယူမှု ကြီးမားခြင်းတို့ကြောင့် ၂၀၂၁ အတွင်း ဓာတ်ငွေ့ဈေးနှုန်းများ စံချိန်သစ်တွေ အကြိမ်ကြိမ် တင်ခဲ့ပါတယ်။

 

Export, Import Read 3283 times