ထိုင်းမှ Map Ta Phut ပင်လယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တတိယအဆင့် စတင်မည်
အရှေ့စီးပွားစင်္ကြံရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အဖြစ် ထိုင်းနိုင်ငံ မာ့ပ်တာပွတ် Map Ta Phut ပင်လယ်ရေနက်ဆိပ်ကမ်း တတိယအဆင့် စီမံကိန်းကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ခေတ်မီ ရေကြောင်းလော့ဂျစ္စတစ်အချက်အချာ တစ်ခုဖြစ်လာစေဖို့အတွက် ရည်ရွယ်ချက်ထားရှိပါတယ်။
"အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့အကြား ကုန်သွယ်ရေးကို ချိတိဆက်ပေးမယ့် ဂိတ်တစ်ခုအဖြစ် ဝန်ဆောင်မှု ပေးအပ်ပါလိမ့်မယ်" ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားပါတယ်။
ဆိပ်ကမ်းအခြေခံအဆောက်အအုံက သဘာဝဓာတ်ငွေ့ အငွေ့နှင့် အရည်များ ကိုင်တွယ်ပေးမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ ရေနံဓာတု ထုတ်ကုန်ကဏ္ဍအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်တဲ့အပြင် စွမ်းအင်ကဏ္ဍအတွက်လည်း အရေးပါတဲ့ ဆိပ်ကမ်းဖြစ်ပါတယ်။
မာပ်တာပွတ် စီမံကိန်း တတိယအဆင့်အတွက် ဘတ် ၅၅.၄ ဘီလျံ ကုန်ကျမှာ ဖြစ်ပြီး စီမံကိန်း ဧရိယာက ရိုင် ၁,၀၀၀ ကျယ်ဝန်းပါတယ်။
စီမံကိန်း တတိယအဆင့် အကောင်အထည် ဖော်ရာမှာ ကာလ ၄ ခု ပိုင်းခြားသန်မှတ်ထားပါတယ်။
ပထမကာလမှာ ေြမပြုပြင်ခြင်းနှင့် ရေလမ်းကြောင်း တူးဖော်ခြင်းတို့ကို အဓိကထား လုပ်ဆောင်မှာ ဖြစ်ပြီး ဘတ် ၁၂.၉ ဘီလျံကုန်ကျမှာ ဖြစ်ပါတယ်။ ကျန်တဲ့ စီမံကိန်းကာလ ၃ ခုမှာ ဆိပ်ခံ၊ ဓာတ်ငွေ့ အငွေ့နှင့် အရည် ပို့ဆောင်ရန်နှင့် ယာယီသိုလှောင်ရန် အခြေခံအဆောက်အအုံကို ဆောက်လုပ်မှာ ဖြစ်ပါတယ်။
ဆိပ်ကမ်းအသစ်ကို ၂၀၂၆ ခုနှစ်မှာ သုံးစွဲဖို့ အသင့်အနေအထား ရောက်ရှိမှာ ဖြစ်ပါတယ်။
အရှေ့စီးပွားစင်္ကြန် Eastern Economic Corridor (EEC) အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်း ၅ ခုအနက် မာ့ပ်တာပွတ်ပင်လယ်ရေနက်ဆိပ်ကမ်း စီမံကိန်းက တစ်ခု အပါအဝင် ဖြစ်ပါတယ်။
အခြားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများမှာ
တို့ ဖြစ်ပါတယ်။