ရဲတခွန် ဓာတ်‌ငွေ့စီမံကိန်းမှ Mitsubishi ထွက်ခွာမည်


18 February, 2022

ရဲတခွန် ဓာတ်‌ငွေ့စီမံကိန်းမှ Mitsubishi ထွက်ခွာမည်
မလေးရှားမှ Petronas နှင့် ဂျပန်မှ Mitsubishi Corp တို့ ထွက်ခွာကြမှာ ဖြစ်ပါတယ်။
Mitsubishi မှ ပြောရေးဆိုခွင့်ရသူက နည်းပညာနှင့် နိုင်ငံရေးရှုထောင့်အရ အလုပ်ဆက်လုပ်ဖို့ ခက်ခဲလိမ့်မယ်လို့ ရိုက်တာသတင်းကို ပြောကြားပါတယ်။
ရဲတခွန်ဓာတ်ငွေ့သိုက်မှာ Mitsubishi က အစုရှယ်ယာ ၁.၉၃% ပါဝင်ထားပါတယ်။
Petronas က ယခုလဆန်းပိုင်းမှာ ရိုက်တာကို ပြောကြားခဲ့ရာမှာ ၎င်းရဲ့ လက်အောက်ခံ PC Myanmar (Hong Kong) Limited က ရဲတံခွန်မှာ အစုရှယ်ယာ ၄၀.၉% ပါဝင်ပါတယ်။ နိုင်ငံပိုင် လုပ်ငန်း Myanma Oil and Gas Enterprise က၂၀.၅% ရှယ်ယာ ပိုင်ဆိုင်ပါတယ်။
ဂျပန်အစိုးရနှင့် JX Nippon Oil & Gas Exploration တို့ ဦးဆောင်တဲ့ ဂျပန်ကုမ္ပဏီစုက ၁၉.၃ % ရှယ်ယာ ပိုင်ဆိုင်ပါတယ်။
JX Nippon Oil & Gas Exploration က ရေနံချက်လုပ်သန့်စင်ရေးလုပ်ငန်း Eneos Holdings လက်အောက်မှ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ကျန်တဲ့ အစုရှယ်ယာတွေကို ထိုင်းမှ PTTEP International Ltd. က ပိုင်ဆိုင်ပါတယ်။
Source: Reuters
 

Energy News Read 939 times