တိုင်းပြည် ဂုဏ်သတင်း NATION BRANDS 2021


31 October, 2021

တိုင်းပြည်တစ်ခုရဲ့ ဂုဏ်သတင်းကို ဖော်ညွှန်းတဲ့ nation brand အဆင့်က နိုင်ငံတွေရဲ့ ကောင်းသောဂုဏ်သတင်း တည်ဆောက်ခြင်းနဲ့ စီမံခြင်းတို့ကို တိုင်းတာတဲ့ ရည်ရွယ်ချက် ထားရှိပါတယ်။

ကမ္ဘာ့ အတိုင်ပင်ခံလုပ်ငန်း Brand Finance က NATION BRANDS 2021 ကို ထုတ်ပြန်ပေးခဲ့ပြီး ဂုဏ်သတင်း ညှိုးနွမ်းမှု အများဆုံး နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးမှာ ရှိနေပြီး ၂၀၂၀ ပြည့်နှစ်ကထက် ကျဆင်းတဲ့ အနုတ်ရာခိုင်နှုန်းက (-)၂၆% ဖြစ်ပါတယ်။ 
ကိုဗစ် နာလန်ထ လမ်းကြောင်းပေါ်မှ တိုင်းပြည်တွေမှာ ကမ္ဘာ့ထိပ်တန်း Nation Brand တွေ ပါဝင်နေပြီး Global Brand Value က ၇% ယခင်နှစ်ကထက် မြင့်တက်ခဲ့ပါတယ်။

Brand Finance Nation Brands ထိပ်တန်း ၁၀၀ စာရင်းပါ တိုင်းပြည် brand တွေရဲ့ တန်ဖိုးအသီးသီး စုစုပေါင်းပမာဏ ယခင်နှစ်ထက် ယခုနှစ်မှာ ၇% တိုးခဲ့ပေမဲ့လည်း ကိုဗစ်အကြိုကာလ စုစုပေါင်း ပမာဏ ကိုတော့ ပြန်မရောက်သေးဘူးလို့ ဆိုပါတယ်။
ပထမနေရာမှာ အမေရိကန်၊ ဒုတိယနေရာမှာ တရုတ်တို့ အဆင့်မပြောင်းမလဲ ဆက်ရှိနေကြပါတယ်။
ထူးထူးခြားခြား Estonia က ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို ပုံအောပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် nation brand ၃၈% မြင့်တက်ခဲ့ပါတယ်။
Estonia သည် brand  တန်ဖိုး ယမန်နှစ်ကထက် ၃၈% တိုးခဲ့ပါတယ်။ ကိုဗစ်မတိုင်မီကာလတွင် တိုင်းပြည်မှာ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံကို တည်ဆောက်ခဲ့တယ်။ Estonia တွင် နေထိုင်ပြီး အခြားနိုင်ငံရှိ အလုပ်များကို လုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးထားတယ်။ ထို့အတွက်  e-residency လျှောက်ထားရယူနိုင်ပါတယ်။  အစိုးရ၏ ဝန်ဆောင်မှုများတွင် ၉၉% သည် အွန်လိုင်းတွင် ရယူနိုင်တယ်။

အကျအမြန်ဆုံး မြန်မာက (-)၂၆% ဖြစ်ပြီး ဒုတိယ အကျအမြန်ဆုံး အီသီယိုးပီးယားက (-)၂၂% ဖြစ်ပါတယ်။ 
နှစ်နိုင်ငံစလုံးမှာ မတည်မငြိမ် ပဋိပက္ခများ ဆိုးတိုးဝါးဝါး ဖြစ်နေကြပါတယ်။
ဘရာဇီးသည် တောင်အမေရိကတွင် အကြီးမားဆုံး စီးပွားရေး ဖြစ်ပြီး ကိုဗစ်ကြောင့်  brand  တန်ဖိုး အကြီးအကျယ် ဆုံးရှုံးခဲ့တာကြောင့်  brand တန်ဖိုး ၁၂% ကျဆင်းပါတယ်။ 

ကမ္ဘာ့အတောင့်တင်းဆုံး တိုင်းပြည်ဂုဏ်သတင်းကို ဆွစ်ဇာလန်က ဂျာမနီ လက်ထဲမှ ရယူလိုက်တယ်။ 
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးအရပ်ရပ်တို့သည် ကိုဗစ်ကို တုံ့ပြန်ပုံ မကောင်းသဖြင့် ဒုက္ခရောက်ခဲ့ကြတယ်။
 ကိုဗစ်တုံ့ပြန်ပုံတွင် ဩစတေးလျနှင့် နယူးဇီလန်တို့သည် တိုင်းပြည်ဂုဏ်သတင်း အကောင်းဆုံး ဖြစ်ပါတယ်။ 
 

 

 

Global News Read 623 times