ရုရှားရေနံစိမ်း ဈေးနှုန်းကန့်သတ်ချက်သည် အန္တရာယ်ရှိဟု ရုရှားပြောကြား


03 December, 2022

ရုရှားရေနံစိမ်း ဈေးနှုန်းကန့်သတ်ချက်သည် အန္တရာယ်ရှိဟု ရုရှားပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရုရှားနိုင်ငံသည် ၎င်း၏ရေနံတင်ပို့မှုအပေါ် စျေးနှုန်းသတ်မှတ်ရန် အနောက်နိုင်ငံအစိုးရများ၏ “အန္တရာယ်” ရှိသည့် ကြိုးပမ်းမှုဟု ပြောကြားခဲ့ပြီး ရုရှားရေနံ  ဝယ်ယူသူများကို ဆက်လက်ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားသည်။ 

G7 အဖွဲ့ ဦးဆောင်သော အနောက်နိုင်ငံများ၏ ပူးပေါင်းအဖွဲ့သည်  ရေကြောင်းမှ တင်ပို့သည့် ရုရှားရေနံဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၀ ဖြင့် ကန့်သတ်ရန် သောကြာနေ့တွင် သဘောတူခဲ့သည်။
ရုရှား၏ ရေနံ၀င်ငွေများကို ကန့်သတ်ရန်နှင့် ယူကရိန်းကို ကျူးကျော်ရန် ငွေကြေးရရှိနိုင်မှုကို တားဆီးရန် ရည်ရွယ်ပြီး ယခုလို ဈေးနှုန်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ 

ရုရှားမှ တင်ပို့မှုအများဆုံးဖြစ်သည့် Ural ရေနံစိမ်းကို ယခုအခါ တစ်စည်လျှင်  $67 ဝန်းကျင်ဖြင့် သောကြာနေ့တွင် ရောင်းချခဲ့သည်။ သောကြာနေ့တွင် Brent ရေနံစိမ်းဈေးနှုန်းမှာ  $85 ဖြစ်သည်။ 


အကယ်စင်စစ် အနောက်နိုင်ငံတို့သည် ရုရှားရေနံများ ကမ္ဘာ့ဈေးကွက်ထဲ ရောက်ရှိလာရန် လိုလားကြသည်။ ရုရှားရေနံများ ဝင်မလာပါက ကမ္ဘာ့ရေနံဈေးနှုန်းများ ထိုးတက်သွားနိုင်သည်။ ကမ္ဘာ့ ငွေကြေး ဖောင်းပွမှုနှုန်းကို မြင့်တက်စေလိမ့်မည်။ ရုရှားရေနံကို ရေကြောင်းမှ အများဆုံး ဝယ်ယူနေကြသည့် တူရကီနှင့် အိန္ဒိယ နိုင်ငံများအနေဖြင့် ထိခိုက်လိမ့်မည်။ 
သို့သော် ပြဋ္ဌာန်းထားသည့် ဈေးနှုန်းအထက်တွင် ရောင်းချသော ရေနံစိမ်းကို တင်ဆောင်သည့် သင်္ဘောကို အနောက်နိုင်ငံတို့မှ အာမခံလုပ်ငန်းများက အာမခံရောင်းချခွင့် မရှိချေ။ ဥရောပအလံ မှတ်ပုံတင်ထားသော သင်္ဘောများ တင်ဆောင်ခွင့် မရှိချေ။ 

ရုရှားရေနံ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် တစ်စည်လျှင် $20  ဝန်းကျင် ဖြစ်သဖြင့် တစ်စည်လျှင်  $60 ဟု ဈေးနှုန်းသတ်မှတ်ခြင်းသည် ရုရှားအနေဖြင့် အကျိုးအမြတ် ရရှိနေဆဲ ဖြစ်သည်။ 

Ural ရေနံစိမ်းကို ပြီးခဲ့သည့် ၃ နှစ်တာအတွင်း တစ်စည်လျှင်  $60 နှင့် $100 ကြားတွင် ရောင်းချခဲ့ပါသည်။ 
Source bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 723 times