မြန်မာမှ Ooredoo ထွက်ခွာရန် ခြေလှမ်းပြင်


20 July, 2022

မြန်မာမှ Ooredoo ထွက်ခွာရန် ခြေလှမ်းပြင်

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ၎င်း၏ မြန်မာလုပ်ငန်းကဏ္ဍကို ရောင်းချရန် ဆွေးနွေးနေသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူနှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။


ဒိုဟာအခြေစိုက် Ooredoo သည်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အသုံးပြုသူဦးရေ ၁၅သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်သည့် ၎င်း၏ မြန်မာလုပ်ငန်းကဏ္ဍ ကို ရောင်းချရန် ရည်ရွယ်ထားကြောင်း မြန်မာ့စာတိုက်နှင့် ကြေးနန်းဌာန Myanmar's Posts and Telecommunications Department (PTD)  ထံ အကြောင်းကြားထားသည်။

ကုမ္ပဏီအတွက် အဓိကအလားအလာရှိသော ဝယ်ယူသူများမှာ 

  • မြန်မာလုပ်ငန်းစုကြီး Young Investment Group၊ 
  • စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် 
  • ရွှေသံလွင်ပိုင်ဆိုင်သည့် SkyNet တို့ ပါဝင်သည်။ 

ထိုလုပ်ငန်း ၃ ခုတို့နှင့် ဆွေးနွေးမှုများ အပြီးသတ်အဆင့်သို့ မရောက်ရှိသေးဟု ဆိုသည်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
Source: Reuters

MIG

 

 

Investment/Divestment Read 785 times