POSCO က ရွှေဓာတ်ငွေ့သိုက် အဆင့်-၂ တူးဖော်ရန် စတင်ပြင်ဆင်


22 February, 2022

POSCO က ရွှေဓာတ်ငွေ့သိုက် အဆင့်-၂ တူးဖော်ရန် စတင်ပြင်ဆင်

တောင်ကိုရီးယားလုပ်ငန်း POSCO International Corporation (Myanmar E&P) က နိုင်ငံပိုင်လုပ်ငန်း  Myanmar Oil and Gas Enterprise (MOGE) နင့်အတူ ရခိုင်ကမ်းလွန် ရွှေဓာတ်ငွေ့သိုက် စီမံကိန်း A-1 လုပ်ကွက်မှာ တူးဖော်မှု စတင်ရန် ပြင်ဆင်နေပါတယ်။

POSCO International Corporation (Myanmar E&P) က A-1 မှာ ရွှေဓာတ်ငွေ့စီမံကိန်း အဆင့်-၂ ကို ကမ်းလွန်ဆောက်လုပ်ရေးသင်္ဘော DLV 2000 ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်မှ မန်လ ၁၅ ရက်အထိ လုပ်ကိုင်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရွှေစီမံကိန်းမှာ POSCO က ရှယ်ယာ ၅၁% ပိုင်ဆိုင်ပါတယ်။ MOGE က ၁၅%၊ အိန္ဒိယမှ ONGC က ၁၇% ၊ တောင်ကိုရီးယားမှ KOGAS က ၈.၅% ၊ အိန္ဒိယမှ GAIL က ၈.၅% ရှယ်ယာ ပိုင်ဆိုင်ထားကြပါတယ်။
POSCO ရဲ့အဆိုအရ ရွှေဓာတ်‌ေငွ့ ဖွံ့ဖြိုးရေးစီမံကိန်း အဆင့်-၂ မှာ အမေရိကန်ဒေါ်လာ ၄၇၃ သန်း ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ကမ်းလွန်လုပ်ကွက် A-1  မှာ ရွှေနှင့် ရွှေဖြူတို့အတွက် စီးပွားဖြစ် ထုတ်လုပ်ဖို့ ၈ တွင်း တူးဖော်မယ့် စီမံကိန်း ဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်း ကမ်းလွန် A-1 နှင့်  A-3 မှ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် China National Petroleum Corporation လက်ထဲသို့ ပေးပို့ပါတယ်။ လုပ်ငန်းစဉ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

သဘာဝဓာတ်ငွေ့နေ့စဉ်အရောင်းပမာဏ ကုဗပေ သန်း ၇၅၀ ရှိပြီး ၂၀၂၁ ပထမ ၃လပတ်မှာ POSCO က အမြတ် အမေရိကန်ဒေါ်လာ ၃၀.၄ ဘီလျံ ရရှိခဲ့ပါတယ်။ ဒုတိယနှစ်ဝက်မှာ အမြတ် အမေရိကန်ဒေါ်လာ ၃၇.၇ ဘီလျံ ရရှိခဲ့ပါတယ်။

narinjara.com

Energy News Read 571 times