ရတနာဓာတ်ငွေ့သိုက်ကို PTTEP တာဝန်ယူ လုပ်ကိုင်ဖွယ်ရှိ


27 January, 2022

ရတနာဓာတ်ငွေ့သိုက်ကို PTTEP တာဝန်ယူ လုပ်ကိုင်ဖွယ်ရှိ

PTT Exploration and Production သည် ကပ္ပလီပင်လယ်ပြင် ကမ်းလွန်သဘာဝဓာတ်‌ေငွ့သိုက် ရတနာ ဓာတ်ငွေ့သိုက်တွင် စီးပွားဖက်အဖြစ် လုပ်ကိုင်နေတဲ့ ထိုင်းစွမ်းအင်ကုမ္ပဏီ ဖြစ်ပါတယ်။ ရတနာဓာတ်ငွေ့သိုက်မှ ဓာတ်‌ငွေ့များကို မြန်မာပြည်တွင်း သုံးစွဲမှုနှင့် ထိုင်းနိုင်ငံရှိ ဓာတ်အားစက်ရုံများသို့ ပေးပို့ပါတယ်။

ရတနာဓာတ်ငွေ့သိုက်ရဲ့ အော်ပရေတာ ဖြစ်လာနိုင်တဲ့ PTTEP က ရှယ်ယာဝေစု ၂၅.၅% ပါဝင် ထားပါတယ်။ ရတနာဓာတ်ငွေ့သိုက်မှ ထုတ်လုပ်တဲ့ ဓာတ်ငွေ့များဟာ ထိုင်းနှင့် မြန်မာတို့အတွက် အရေးပါနေတယ်။ 

ပြင်သစ်မှ TotalEnergies နှင့် အမေရိကန်မှ Chevron တို့က ထွက်ခွာမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းနှစ်ခုက ဓာတ်ငွေ့ပေးပို့ရေး လုပ်ကိုက်တဲ့  Moattama Gas Transportation Company (MGTC) မှာ ပါဝင်ပြီး MGTC က ထိုင်းနယ်စပ်သို့ ပိုက်လိုင်းဖြင့် ဓာတ်ငွေ့ပေးပို့ပါတယိ။

"PTTEP က ရတနာရဲ့ အော်ပရေတာ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်" လို့ ဘန်ကောက်အခြေစိုက်  Lantau Group မှ အတိုင်ပင်ခံ Kittithat Promthaveepong က Bangkok Post သတင်းဌာနကို ပြောကြားပါတယ်။
တကယ်လို့ TotalEnergies နှင့်Chevron တို့ရဲ့ ရှယ်ယာဝေစုတွေကို PTTEP က ရယူမယ်ဆိုရင် PTTEP က ရတနာမှာ ရှယ်ယာဝေစု ၈၅% ပိုင်ဆိုင်ပါလိမ့်မယ်။

PTTEP က အရွယ်အစား ပိုငယ်တဲ့ ဇောတိက ဓာတ်ငွေ့သိုက်မှာလည်း လုပ်ကိုင်နေပြီး ရှယ်ယာဝေစု ၈၀% ပိုင်ဆိုင်ပါတယ်။ ကျန်တဲ့ ၂၀% ကို နိုင်ငံပိုင် စွမ်းအင်လုပ်ငန်း  Myanma Oil and Gas Enterprise (MOGE) က ပိုင်ဆိုင်ပါတယ်။

ရတနာက သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ သန်း ၇၇၀ ထုတ်လုပ်ပြီး သန်း ၅၇၀ ခန့်ကို ထိုင်းနိုင်ငံသို့ ‌ပိုက်လိုင်းဖြင့် ပေးပို့ပါတယ်။ ကျန်တဲ့ဓာတ်ငွေ့ကို မြန်မာနိုင်ငံ ပြည်တွင်း သုံးစွဲရန် ပေးပို့ပြီး ဓာတ်အားထုတ်လုပ်ရေးအတွက် အသုံးပြုပါတယ်။
 
တကယ်လို့ PTT Exploration and Production က ရတနာရဲ့ အော်ပရေတာ ဖြစ်လာခဲ့ရင် မြန်မာရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏ ထက်ဝက်နီးပါးကို လုပ်ကိုင်သူ ဖြစ်လာပါလိမ့်မယ်။

ထိုင်းနိုင်ငံ သဘာဝဓာတ်ငွေ့ သုံးစွဲမှုရဲ့ ၁၀~၁၅% ကို ရတနာမှ ရရှိပါတယ်။ ထိုင်းနိုင်ငံ စွမ်းအင်ဖူလုံရေးအတွက် ရတနာမှ ရရှိနေတဲ့ ဓာတ်ငွေ့က အရေးပါနေပါတယ်။

 

Export, Import Investment/Divestment Energy News Read 5297 times