ထိုင်းမှ PWO က မြန်မာတွင် ကုန်လှောင်ရုံများ တည်ဆောက်မည်


07 March, 2022

ထိုင်းမှ PWO က မြန်မာတွင် ကုန်လှောင်ရုံများ တည်ဆောက်မည်

ထိုင်းနိုင်ငံမှ  Public Warehouse Organisation (PWO) က မြန်မာနိုင်ငံတွင် ကုန်လှောင်ရုံများ တည်ဆောက်မည်။


PWO မှ  ဒါရိုက်တာ  Kriangsak Prateepvisut က ပြီးခဲ့သည့် သီတင်းပတ်တွင် အတူလက်တွဲ လုပ်ကိုင်မည့် မဟာရွှေငွေကုမ္ပဏီလီမိတက်နှင့် နားလည်မှု စာခွျန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။


၁၉၅၅ ခုနှစ်တွင် ထူထောင်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း ၆၅ နှစ်ကျော် ရှိပြီဖြစ်သော  PWO အနေဖြင့် ယခုတစ်ကြိမ်သည် ပြည်ပတွင် ပထမဆုံးအကြိမ် ကုန်လှောင်ရုံ ထူထောင်ခြင်း ဖြစ်သည်။ 

မြန်မာတွင် PWO  ကုန်လှောင်ရုံများကို ထိုင်းနိုင်ငံမှ တင်ပို့သည့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရေးအတွက် သုံးစွဲမည်ဖြစ်ရာ ထိုင်းပို့ကုန် တင်ပို့မှုကို အားဖြည့်ပေးမည့်အပြင် ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို ယှဉ်ပြိုင်မှုအားသာချက်တစ်ခုကို ရရှိစေမည်ဖြစ်ကြောင်း Kriangsak က ပြောကြားသည်။
ကုန်လှောင်ရုံအသစ်များသည် ထိုင်းမှ အွန်လိုင်း ဈေးရောင်းသူများ မြန်မာဈေးကွက် ထိုးဖောက်နိုင်အောင် ကူညီပေးမည်ဟု Kriangsak က ပြောကြားသည်။

မြန်မာနိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း ကုန်လှောင်ရုံများ ထူထောင်ရန် ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါကုန်လှောင်ရုံများသည် အချိန်မီ ပေးပို့နိုင်စေရေးကို ဦးတည်ချက် ထားရှိသည်။ သို့ဖြစ်ရု ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အခြားနိုင်ငံမှ ပြိုင်ဘက်များအပေါ် အားသာချက် ရရှိနေမည်ဟု ၎င်းက ရှင်းပြသည်။ 
လောဂျစ္စတစ် အချိတ်အဆက်များနှင့် အခြားနိုင်ငံများမှ ကုန်လှောင်ရုံများက PWO ၏ တစ်စတစ်စ များလာနေသည့် အရှုံးပြဿနာများကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု Kriangsak က ပြောကြားသည်။

မြန်မာနိုင်ငံတွင် သိုလှောင်ရုံများ ထူထောင်ခြင်းအပြင် ပဲပုပ်ပဲ စိုက်ပျိုးခြင်းကို မြှင့်တင်ရန် လက်တွဲဆောင်ရွက်လိုသည်။ အကြောင်းမှာ ထိုင်းနိုင်ငံသည် ပဲပုပ်ပဲ တန်ချိန် ၂ သန်း‌ေကျာ်နှင့်  ပဲပုပ်ပဲ တိရစ္ဆာန်အစာ တန်ချိန် ၂ သန်းကျော် တင်သွင်းရန် လိုအပ်နေဆဲ ဖြစ်သည်။

နောက်ထပ် စီးပွားရေး အစီအစဉ်တစ်ရပ်မှာ အအေးခန်းသိုလှောင်ရုံကို ဘန်ကောက်မြို့မှ မသုံးစွဲသောမြေနေရာတွင် တည်ဆောက်ရန် ဖြစ်သည်။
အအေးခန်းသိုလှောင်ရုံ လုပ်ကိုင်ခွင့် လိုင်စင်ရရှိသည့်အခါ တန်ချိန် ၅၀,၀၀၀ ဆန့်သည် အအေးခန်းသိုလှောင်ရုံပါဝင်သည့် သိုလှောင်ရုံ ဆောက်လုပ်မည်။ ထိုစီမံကိန်းက PWO ကို အမြတ်ရသည့်နှစ်တစ်နှစ်ကို ပထမဆုံးအကြိမ် ရရှိစေလိမ့်မည်ဟု Kriangsak က ပြောပြသည်။ အခြားစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဝင်ငွေများကိုပင်လျှင် ရရှိစေမည်ဟု ၎င်းက မျှော်မှန်းထားသည်။
PWO သည် ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ လုပ်ပူရီ ပြည်နယ်တွင် စပါးသိုလှောင်ရုံ အကြီးစားတစ်ခုကို တည်ဆောက်ဖို့ အစီအစဉ် ရှိသည်။ ဆန်စက်တစ်ရုံ၊ ဆန်မှုန့်ကြိတ်စက်တစ်ရုံတို့ ပါဝင်သည့် စီမံကိန်းဖြစ်သည်။

PWO သည် ကရာဘီပြည်နယ်တွင် ဆိတ်သား သိုလှောင်ရန် ကုန်လှောင်ရုံနှင့် စူရင်တွင် အမဲသား သိုလှောင်ရန် ကုန်လှောင်ရုံ တို့ ဆောက်လုပ်ရန် အစီအစဉ် ရှိသည်။ ထို့ပြင် ပင်လယ်စာ သိုလှောင်ရန် ကုန်လှောင်ရုံကို ဦဒွံဌာနီပြည်နယ်တွင် တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း Kriangsak က ပြောကြားပါသည်။

Source The Nation

Investment/Divestment Read 1048 times