ကမ္ဘာ့အကြီးမားဆုံး အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက် RCEP စတင် အသက်ဝင်


03 January, 2022

ကမ္ဘာ့အကြီးမားဆုံး အကောက်ခွန်မဲ့ ကုန်သွယ်ရေး သဘောတူညီချက် RCEP စတင် အသက်ဝင်


ဇန်နဝါရီလ ၁ ရက်မှာ ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ရေးသဘောတူညီချက် စတင်ပါတယ်။ သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေထိုးထားကြတဲ့ နိုင်ငံများအကြား ကုန်သွယ်ရေးမှာ ကုန်စည်အမျိုးအမည် ၉၂% ခန့် အကောက်ခွန်မဲ့ ကုန်သွယ်နိုင်မှာ ဖြစ်ပါတယ်။ 

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူညီချက်ကို ၁၀ နိုင်ငံ အတည်ပြု လက်မှတ်ရေးထိုး ပြီးပြီ ဖြစ်ပါတယ်။ 
ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ နယူးဇီလန်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဩစတေးလျ တို့ ဖြစ်ပါတယ်။

RCEP က ၁၅ နိုင်ငံတို့အကြား သဘောတူညီချက် ဖြစ်ပြီး ကျန်ရှိနေတဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား တို့က များမကြာခင်မှာ အတည်ပြု လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ 
တောင်ကိုရီးယားက သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်သက်ရောက်ပါမယ်။ 
မြန်မာနိုင်ငံရဲ့ အတည်ပြုချက်ကို အခြားအဖွဲ့ဝင်များက လက်မခံသေးဘဲ ဆိုင်းငံ့ထားပါတယ်။

RCEP ဟာ တရုတ်နဲ့ဂျပန်၊ ဂျပန်နဲ့တောင်ကိုရီးယား တို့အကြား အကောက်ခွန်မဲ့ ကုန်သွယ်မှု သဘောတူညီချက် ပထမဆုံးအကြိမ် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

RCEP ဟာ အဓိကအားဖြင့် အကောက်ခွန် စည်းကြပ်တာကို ဖယ်ရှားပစ်တာ ဖြစ်ပြီး သတ်မှတ်ပြဌာန်းထားတဲ့ ထုတ်ကုန်များအတွက် ဈေးကွက်ကိုလည်း ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ တွင်းထွက်လောင်စာ၊ ပလတ်စတစ်၊ ဓာတု ထုတ်ကုန်၊ အဖျော်ယမကာ အစရှိတဲ့ ကုန်စည်တွေအတွက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အစရှိတဲ့ RCEP အကျုံးဝင်ဈေးကွက်များကို ဝင်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

Asean Plus One  အပါအဝင် အာဆီယံ အဖွဲ့ဝင်တို့အကြား တည်ရှိပြီးသား နှစ်နိုင်ငံ သဘောတူညီမှုများ အပေါ်မှာ RCEP ကို တည်ဆောက်ထားပါတယ်။ ကမ္ဘာ့ ဂျီဒီပီရဲ့ ၃၀% (အမေရိကန်ဒေါ်လာ ၂၆ ထရီလီယံ) အကျုံးဝင်တဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၃၀% အကျုံးဝင်ပါတယ်။

Export, Import Read 666 times