စက်ခန်းထဲ ရေဝင်ပြီး ရေပေါ် ပေါလောမျောနေခဲ့သည့် Rubymar နစ်မြုပ် [Video]


03 March, 2024

စက်ခန်းထဲ ရေဝင်ပြီး ရေပေါ် ပေါလောမျောနေခဲ့သည့် Rubymar နစ်မြုပ် [Video]

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဟူသီသူပုန်များ၏ တိုက်ခိုက်ခံရ‌သော ကုန်တင်သင်္ဘော MV Rubymar သည် ပင်လယ်နီတွင် ရက်အတော်ကြာကြာ ပဲ့ပိုင်းတွင် ရေဝင်နေရင်း ရေပေါ် ပေါလောမျောနေခဲ့ရာမှ မတ်လ ၁ ရက်တွင် နစ်မြုပ်သွားခဲ့ပါသည်။

.

 ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေး၏ မြေပြင်ထိုးစစ်အတွက် လက်စားချေရန် အီရန်ကျောထောက်နောက်ခံပြုအုပ်စုက သင်္ဘောများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်မှုများ စတင်ချိန်မှစ၍ ပထမဆုံး နစ်မြှုပ်သည့် သင်္ဘောဖြစ်ပါသည်။

.

ဘီလိဇ် အလံတင်သင်္ဘော Rubymar သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တို့ကို ဆက်သွယ်ထားသည့် Bab el-Mandeb ရေလက်ကြားတွင် ဖေဖော်ဝါရီ ၁၈ ရက်က ဟူသီပစ်ခတ်သော သင်္ဘောဖျက်ဒုံးကျည်ဖြင့် ထိမှန်ခဲ့ပြီးနောက် သင်္ဘောသားများ သင်္ဘောကို စွန့်ခွာခဲ့ကြသည်ကို ကယ်ဆယ်ပေးနိုင်ခဲ့ပါသည်။

ဟူသီတိုက်ခိုက်သူများသည် ကနဦးတိုက်ခိုက်မှုအပြီးတွင် သင်္ဘောနစ်မြုပ်သွားကြောင်း ပြောဆိုခဲ့သော်လည်း အကယ်စင်စစ် Rubymar သည် အင်ဂျင်ခန်းထဲ ရေဝင်နေရင်း မြောက်ဘက်သို့ မျောနေခဲ့သည်။

.

သင်္ဘောကို တွန်း/ဆွဲ ရေယာဉ်များဖြင့် ဆိပ်ကမ်းသို့ ဆွဲခေါ်ရန် စီစဉ်ခဲ့ရာ အေဒင်နှင့် ဂျီဘူတီ ဆိပ်ကမ်းအာဏာပိုင်များက သင်္ဘောကို လက်ခံရန် ငြင်းဆန်ပါသည်။ သို့ဖြစ်ရာ ဆော်ဒီ ဆိပ်ကမ်း ဂျဒ်ဒါသို့ သင်္ဘောကို ဆွဲခေါ်ရန် ရွေးချယ်ထားပါသည်။

Rubymar ၏ ကုမ္ပဏီ Blue Fleet Group မှ စီအီးအို Roy Khoury က သင်္ဘောကို ဆွဲခေါ်ရန် အမေရိကန်ရေတပ် အကူအညီ တောင်းခံထားကြောင်း ပြောကြားပါသည်။

.

ထိုသို့ စီစဉ်နေဆဲမှာ Rubymar သည် လှိုင်းထန်သဖြင့် မတ်လ ၁ ရက်တွင် နစ်မြှုပ်သွားကြောင်း ယီမင်အစိုးရက မတ်လ ၂ ရက်တွင် အတည်ပြု ကြေညာပါသည်။

.

 


Rubymar သည် ဓာတ်မြေဩဇာ တန်ချိန် ၄,၁၀၀ နှင့် သင်္ဘောခုတ်မောင်းရန် လောင်စာဆီများ တင်ဆောင်ထားပြီး မျောပါနေစဉ် လောင်စာဆီ များ ယိုစိမ့်နေခဲ့ရာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ၁၈ မိုင် ရှည်လျားသည့် ဆီကွက် ဖြစ်ပေါ်ခဲ့ပါသည်။

 

 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 990 times