ရုရှားက SPFS ဖြင့် SWIFT ကို စင်ပြိုင်ပြုနိုင်ရန် ကြိုးပမ်း


04 March, 2022

ရုရှားက SPFS ဖြင့် SWIFT ကို စင်ပြိုင်ပြုနိုင်ရန် ကြိုးပမ်း

ရုရှားက SWIFT မှ အပြင်ထွက်ရတဲ့အတွက်   SPFS ကို  စင်ပြိုင်ပြုပြီး သုံးစွဲပါတယ်။

SPFS

SPFS က ရုရှားဘာသာစကားဖြင့်  Система передачи финансовых сообщений (СПФС) ကို အသံထွက်တဲ့ Sistema peredachi finansovykh soobscheniy ကို SPFS လို့ အတိုကောက်ပြုထားတာ ဖြစ်ပါတယ်။
ဘာသာပြန်လိုက်တော့ Financial Message Transfer System of the Bank of Russia ဖြစ်ပါတယ်။

SWIFT
SWIFTအကြောင်းကို Myanmar Industries Guide မှာ ရုရှားဘဏ်များကို Swift မှ ဖယ်ရှား ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။


SPFS အခြေအနေ
SPFS ကွန်ရက်မှာ သုံးစွဲတဲ့လုပ်ငန်း ၃၃၉ ခု ရှိပါတယ်။ တရုတ် ပါဝင်ဖို့ ရုရှားက တရုတ်နှင့် ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်ပါတယ်။


ယူကရိန်းကို ကျူးကျော်လို့ ရုရှားကို SWIFT အပြင်ထုတ်ခံထားရလို့ SPFS ဖြင့် စင်ပြိုင်လုပ်ကိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။
ရုရှား ငွေကြေးအဆောက်အုံ မပြိုလဲဖို့အတွက် SPFS ဖွံ့ဖြိုးဖို့ အရေးတကြီး လိုအပ်နေပါတယ်။


Bank of Russia ဥက္ကဋ္ဌ Elvira Nabiullina

 


Bank of Russia ဥက္ကဋ္ဌ Elvira Nabiullina က SPFS ကို ပြည်ပမှ ပါဝင်နိုင်ကြောင်း ကမ်းလှမ်းထားပါတယ်။ နိုင်ငံတကာ ငွေပေးချေစနစ်ကို SPFS ဖြင့် ပုံမှန်လုပ်ကိုင်နိုင်ကြောင်း ပြောကြားပါတယ်။

SPFS ရှိနေခဲ့တာ ၆ နှစ်‌ကျော်ခဲ့ပါပြီ။ ပြည်တွင်းမှ ဘဏ်သုံးစွဲသုများအတွက်သာ ဝန်ဆောင်မှု ပေးအပ်ပါတယ်။ 
နောက်တော့ ၂၀၂၁ ဧပြီလ ဘဏ္ဍာရေးနှစ်အစမှာ ဘဲလာရုမှ ဘဏ် ၂၀ ခု၊ အာမေးနီယန်း Arshidbank နှင့် Kyrgyz Bank of Asia တို့ ပါဝင်ခဲ့ကြပါတယ်။

၂၀၂၀ မှာ လစဉ်ငွေလွှဲ အကြောင်းကြားချက် ၂ သန်းကျော် ရှိ‌ေကြာင်း ၊ SWIFT ထက် ၂၀.၆% ပိုများကြောင်း ထုတ်ပြန်ပါတယ်။

SPFS က ပင်မရေစီးကြောင်း မဟုတ်တာကတစ်ကြောင်း၊ SPFS မှာ ပါဝင်ရင် SWIFT မှ ထုတ်ပယ်ခံရဖွယ် ဖြစ်နေတာကတစ်ကြောင်းတို့ကြောင့် ဘဏ်လုပ်ငန်း အများစုက SPFS ကို ဝင်ပါလိုစိတ် မရှိကြဘူး။ ပါဝင်လိုက်ရင် လက်လှမ်းမီတဲ့ နေရာအများအပြား လက်လွှတ်ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ 

SPFS စနစ်ကျဆုံးရင် ရုရှားစီးပွားရေ ပြိုလဲသွားနိုင်ပါတယ်။ လောလောဆယ်မှာ ရုရှား ရူဘယ်ရဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ၂ ဒေါ်လာကို ရူဘယ် ၁၀၀ ပတ်လည်အထိ ဖြစ်လာနေပါတယ်။

ခရစ်ပ်တို ငွေကြေး

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ပိုများလာပြီး နိုင်ငံခြားငွေ အရန်ငွေ ပိတ်ပင်ထားခြင်း၊ ခရစ်ပ်တို ငွေကြေး ပိတ်ပင်ခြင်းတွေ ဖြစ်လာခဲ့ရင် အခြေအနေ ပိုဆိုးလာပါလိမ့်မယ်။
အမေရိကန်အစိုးရက ခရစ္ပ်တို ငွေကြေး သုံးစွဲခွင့် ပိတ်ပင်ရန် တောင်းဆိုထားပါတယ်။

အဓိက ခရစ်ပ်တိုငွေလဲလုပ်ငန်းတွေ ဖြစ်တဲ့  Binance, Coinbase, Kraken, KuCoin တို့က အကောင့်တွေ ပိတ်ပင်ပေးဖို့ကိုငြင်းဆန်ကြပါတယ်။
 

Source FXEMPIRE

Banking & Loan Read 24647 times