ဩစတေးလျ စွမ်းအင်လုပ်ငန်းကြီး Woodside မြန်မာနိုင်ငံမှ ထွက်ခွာမည်


27 January, 2022

ဩစတေးလျ စွမ်းအင်လုပ်ငန်းကြီး Woodside မြန်မာနိုင်ငံမှ ထွက်ခွာမည်


ဩစတေးလျ စွမ်းအင်လုပ်ငန်းကြီး Woodside က မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

Woodside က မြန်မာနိုင်ငံမှာ ရေနံနှင့် ဓာတ်ငွေ့ ရှာဖွေရေးနှင့် တူးဖော်ရေးတို့ကို လုပ်ကွက်အချို့ကို လုပ်ကိုင်လျက် ရှိပါတယ်။

မြန်မာနိုင်ငံ လက်ရှိအခြေအနေအရ Woodside က A-6 ဓာတ်ငွေ့သိုက်မှာ ဆက်လက်ပါဝင်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ အခြားလုပ်ကိုင်မှုများလည်း မဖြစ်နိုင်တော့ကြောင်း အမှုဆောင်ချုပ် Meg O'Neill က ပြောကြားပါတယ်။
လုပ်ကွက် A-6 က ရေနက်ပိုင်း ကမ်းလွန် ဓာတ်ငွေ့စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ကမ်းရိုးတန်းမှာ Total နှင့်အတူ လုပ်ကိုင်ပါတယ်။

လုပ်ကွက် A-7 မှာ Woodside က ၄၅ % ၊   Shell က ၄၅ % ရှယ်ယာဝေစု ပိုင်ဆိုင်ထားကြပါတယ်။ Woodside က လိုင်စင်ကို စွန့်လွှတ်လိုက်ပြီ ဖြစ်ပြီး Shell ကလည်း အလားတူပင် လိုင်စင်ကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

Woodside က  AD-1 နှင့် AD-8 လုပ်ကွက်များအတွက် လိုင်စင်များကိုလည်း စွန့်လွှတ်မှာ ဖြစ်ပါတယ်။ 

ယခုလို ထွက်ခွာတဲ့အတွက် ဩစတေးလျနိုင်ငံ ပါ့သ်မြို့အခြေစိုက် ရေနံလုပ်ငန်းကြီးအနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ နစ်နာဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။
 

 

Investment/Divestment Energy News Read 2684 times