Elon Muskဟာ ကာဗွန်အသုံးချနည်းပညာအား အကောင်းဆုံးမိတ်ဆက်နိုင်မယ့်သူကို အမေရိကန်ဒေါ်လာ သန်း၁၀၀တိတိ ဆုချီးမြှင့်မယ်လို့ ကြေညာလိုက်ပါတယ်။ Tesla ရဲ့ CEO ဖြစ်တဲ့ Elon Musk ဟာ လက်ရှိကမ္ဘာ့အချမ်းသာဆုံး သူတစ်ယောက်ဖြစ်တာမို့ အဆိုပါ ဆုကြေးက သူ့အတွက် များပြားလှတာတော့ မဟုတ်ပါဘူး။
"The Best Carbon Capture Technology အတွက် ဒေါ်လာသန်း ၁၀၀ တိတိ ကျွန်တော်လှူဒါန်းပါတယ် " ဆိုပြီး Muskက Twitter မှာ ရေးထားတာပါ။ Carbon Capture Technology ဆိုတာ နည်းပညာတွေကိုရောစပ်အသုံးပြုကာ Carbon ဓာတ်ငွေ့တွေကိုဖမ်းယူပြီး၊ လေထုထဲသို့မပျံ့အောင် ကာကွယ်တားဆီးရမှာဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးသာယာလှပဖို့အတွက် Elon Musk ရဲ့ ပရဟိတလုပ်ငန်းသစ်တစ်ခုလည်း ဖြစ်လာမှာပါ။
SpaceX ကုမ္ပဏီတည်ထောင်သူလည်းဖြစ်တဲ့ Elon Musk က သူရည်ရွယ်ထားတဲ့ အင်္ဂါဂြိုလ်ပေါ်မှာမြို့တည်ဖို့ အတွက် အသုံးချမှာလည်းဖြစ်တယ်။ "အင်္ဂါဂြိုလ်ပေါ်မှာမြို့တည်ဖို့အတွက် ကျွန်တော် ရနိုင်သမျှ အရင်းအမြစ်တွေ လိုချင်ပါတယ်၊ ကျွန်တော်အဲ့အတွက် တတ်နိုင်သလောက် မျှဝေသွားမှာပါ " ဆိုပြီး ပြီးခဲ့သည့်နှစ် အင်တာဗျူးမှာ Musk ကပြောသွားခဲ့တာဖြစ်ပါတယ်။အဆိုပါ Challege ကတော့ Musk ရဲ့ အကြီးမားဆုံး လှူဒါန်းမှုတွေထဲက တစ်ခုဖြစ်လာမှာပါ။
Am donating $100M towards a prize for best carbon capture technology
— Elon Musk (@elonmusk) January 21, 2021
Ref: HyperbBeast