126 Money Changer ကို လိုင်စင် သုံးလဆိုင်းငံ့
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Family Moe Paing Co., Ltd ၏ 126 Money Changer အတွက် Money Changer License အား သုံးလဆိုင်းငံ့ကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။
Family Moe Paing Co., Ltd ၏ 126 Money Changer အတွက် Money Changer License အား သုံးလဆိုင်းငံ့ခြင်း
၁၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၉-၈-၂၀၁၃) ရက်နေ့တွင် ခွင့်ပြုထုတ်ပေးထားသော Money Changer License အမှတ် CBM-FEMD-122/2013 ရရှိထားသည့် Family Moe Paing Co., Ltd (126 Money Changer) သည် Money Changer လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါသဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၂ ဖောက်ဖျက်ခြင်း ဖြစ်သောကြောင့် ပုဒ်မ ၃၅ အရ Family Moe Paing Co., Ltd ၏ Money Changer လိုင်စင်အား (၁၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ သုံးလ ဆိုင်းငံ့ပါသည်။
၂။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ နေရာများတွင် ဖွင့်လှစ်ထားသော Money Changer ကောင်တာ (၅) ခု တွင် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းများ ဆောင်ရွက်ခွင့် မရှိကြောင်း အသိပေးပါသည်