ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ ယခုတစ်ပတ် ဆန်လက်ကားဈေးနှုန်းများအရ ဆန်ကြမ်း၊ ဆန်ချောဈေးနှုန်းများမှာ တက်လာကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်မှသိရပါသည်။
ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ဇွန်လမှစတင်၍ ရေကြီး ရေလျှံမှုများဖြစ်ပေါ်လျှက်ရှိပြီး သြရုတ်လဆန်းပိုင်းအထိ တိုင်းနှင့်ပြည်နယ်အလိုက် ကောက်ယူထားသည့် စာရင်းများအရ စိုက်ဧကပေါင်း ၁၂ သိန်းကျော် ရေနစ်မြုပ်ခဲ့ကာ သီးနှံပျက်စီးသည့် စိုက်ဧကပေါင်း ၄ သိန်းခန့်ရှိခဲ့သည်။ မိုးစပါးဧက ရှစ်သောင်းခွဲကျော်ကို ပြန်လည်စိုက်ပျိုးထားနိုင်ပြီးဖြစ်ကြောင်းလည်း စိုက်ပျိုးရေါ်၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါသည်။
ထို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အာဆီယံမှ အရေးပေါ်ဆန်ရိက္ခာ အစီအစဉ်အရ ဆန်တန်ချိန် ၈၀ ကို လာမည့်အပတ်တွင် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးသွားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်နေကြောင်းသိရပါသည်။
ထို့အပြင်လယ်ယာမြေရေကြီးနစ်မြုပ်မှု အများဆုံးဖြစ်ပေါ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးသို့ ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၅၀ ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိနေသည့် အရန်ဆန်များကိုလည်း မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ဒေသများအားထပ်မံ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံမှ ဆန်ကွဲများကို တရုတ်နိုင်ငံမှ ဝယ်ယူမည်ဆိုသည့် သတင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်ကွဲနှုန်းများမြင့်တက်နေကြောင်း ဆန်၊ ဆန်ကွဲ၊ ဖွဲနု ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှသိရပါသည်။
ဈေးနှုန်းမြင့်တက်လာသော်လည်း ရောင်းအားမှာ ပုံမှန်အခြေအနေသာရှိနေပြီး ပြည်တွင်းတွင် ဆန်ကွဲကို ဘဲစာ၊ ကြက်စာ၊ငါးစာ၊ ဝက်စာအဖြစ် အဓိကအသုံးပြုကြကြောင်း သိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင် ကျိုက်လတ်၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဝါခယ်မ၊ ပြင်စလူစသည့် မြို့များတွင် ဆန်ကွဲ ဈေးမြင့်တက်နေပြီး မိုးစပါးမပေါ်မီ နိုဝင်ဘာလဆန်းအထိ မြင့်တက်နေနိုင်ကြောင်း ဒေသတွင်းကုန်သည်များထံမှ သိရသည်။
Source: pissaya info
၂၄၀၀၀ |
၂၄၅၀၀ |
|
ကြမ်းသစ်ရှယ် |
၂၂၈၀၀ |
၂၃၀၀၀ |
ကြားပျံသစ်ရှယ် |
၄၈၀၀၀ |
၄၈၅၀၀ |
နှံကားသစ်ရှယ် |
၂၂၅၀၀ |
၂၂၆၀၀ |