နိုင်ငံ့ဝန်ထမ်းများအတွက် လစာ၏ ၂ လစာငွေအား အတိုးမဲ့ ကြိုတင်ထုတ်ချေးပေးမည့်အစီအစဉ်ကို အောက်တို ဘာ ၁ ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများအားပြော သည်။
ထုတ်ချေးငွေအဖြစ် တနိုင်ငံလုံးရှိ အမြဲတမ်းဝန်ထမ်း ၁၀၇,၇၄၉,၃ ဦးအတွက် ကျပ်ငွေ ၅၅၄.၉၇၃ ဘီလီယံအား လျာထားသည်။
ချေးငွေအား ပြန်ဆပ်ရန် ဆိုင်းငံ့ကာလအဖြစ် ၆ လသတ်မှတ်ထားသည်။ ယင်းနောက်ပိုင်းတွင် လအလိုက် ရာခိုင်းနှုန်းဖြင့်တွက်ချက်ကာ တနှစ်ပြည့်သည်အထိ လစာမှ ပြန်လည်ဖြတ်တောက်သွားမည်။
ယင်းချေးငွေ အစီအစဉ်တွင် တပ်မတော်သားများလည်း အပါအဝင်ဖြစ်သည်။
ချေးငွေအစီအစဉ်မှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကူးစက်ရောဂါကြောင်း ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ အပေါ် ကုစားနိုင်ရေးအတွက် ယခုကဲ့သို့ ထုတ်ချေးခြင်းဖြစ်သည်။