နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို အတိုးမဲ့ လစာ ၂ လစာ ကြိုတင်ထုတ်ပေးမည့် အစီအစဉ်


05 February, 2021

နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို အတိုးမဲ့ လစာ ၂ လစာ ကြိုတင်ထုတ်ပေးမည့် အစီအစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး

 

အကြောင်းအရာ။ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များကို လစာ (၂) လစာ ကြိုတင်ထုတ်ပေးပြီး ၊ အတိုးမဲ့ဖြင့် ထုတ်ချေးနိုင်ရန် အမှန်လိုအပ်ငွေစာရင်း ပေးပို့ရန်ကိစ္စ

ရည်ညွှန်းချက် ။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၃၁ - ၈ - ၂၀၂၀ ရက်စွဲပါစာအမှတ်၊ စဘစ/ ဘဏ္ဍာ- ၄/၁/၈ (၃၄၀၆/၂၀၂၀)

 

၁။ အထက်အကြောင်းအရာပါကစ္စနှင့် စပ်လျဉ်း၍ Coronavirus Disease 2019 (COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း ၊ (အမြဲတမ်း)များကို လစာ(၂)လစာ ကြိုတင်ထုတ်ပေး၍ အတိုးမဲ့ချေးငွေဖြင့် ဆိုင်းငံ့ကာလ(၆)လ၊ ပြန်ဆပ်ကာလ (၁)နှစ် သတ်မှတ်၍ ထုတ်ချေးခြင်းအား ၂၀၂၀-၂၀၂၁ ခု၊

 

ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များ၏ ရာထူးအလိုက် ဦးရေနှင့် အမှန် လိုအပ်ငွေစာရင်းကို ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများသည် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန(ရုံးချုပ်)သို့ ၄-၉-၂၀၂၀ ရက်နေ့တွင် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ်

 

ပြည်နယ် အဆင့်ဌာန၊ အဖွဲ့အစည်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန အသီးသီးသို့ ၄-၉-၂၀၂၀ ရက်နေ့တွင် လည်းကောင်း နောက်ဆုံးထား၍ ပေးလို့ ကြရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည်။

 

 

၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများအနေဖြင့် အဆိုပါစာရင်းများကို စုစည်းပေါင်းချုပ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)သို့ ၁၁-၉-၂၀၂၀ ရက်နေ့ အရောက် ပေးပို့ကြရန် ဖြစ်ပါသည်။

 

အဆိုပါအမှန်လိုအပ်ငွေများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များအလိုက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည်များ စာရင်းတွင် ရည်ညွှန်းပါစာအတိုင်း လျာထားရန်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

 

ပြည်ထောင်စုဝန်ကြီး(ကိုယ်စား)

(မောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး)

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး (ရုံး၊ ဌာနကြီးများအားလုံး)

Local News Read 683 times