နိုင်ငံ့ဝန်ထမ်းများ တစ်ရက်ခြား ရုံးတက်ခြင်းအစား ၂ ပတ်ခြား ရုံးတက်မည်


15 September, 2020

နိုင်ငံဝန်ထမ်းများအား (၂)ပတ်ရုံးတတ် (၂)ပတ် အိမ်မှာနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရန် အသိပေးကြေညာချက ်ထုတ်ပြန်ထားပါသည်။
နိုင်ငံဝန်ထမ်းများအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသူများရှိလာခြင်း၊ ရောဂါပိုးကူးဆက်ခံရပြီး ၁၄ရက်အတွင်း၌သာ ရောဂါလက္ခဏာပြသခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအား တစ်ဝက်တတ် တစ်ဝက်နားစနစ်ဖြင့် ရုံးလုပ်ငန်းဆောင်ရွက်စေခြင်း အစား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ရက်မှစ၍ နိုင်ငံဝန်ထမ်းများအား (၂)ပတ်ရုံးတတ် (၂)ပတ် အိမ်မှာနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်ဟု ညွှန်ကြားထားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Coronavirus Disease 2019(COVID-19) 

ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ

စာအမှတ်၊၃၅ /၂၆၄/coVID-19/ကော်မတီ(၂၀၂၀) 

ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်

ပြည်ထောင်စုအဆင့်အဖွဲ့အစည်း(အားလုံး) 

ပြည်ထောင်စုဝန်ကြီးဌာန (အားလုံး) နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ (အားလုံး) 

 

အကြောင်းအရာ။ နိုင်ငံ့ဝန်ထမ်းများအား (၂)ပတ် ရုံးတက် (၂)ပတ်အိမ်မှ နေ၍ ရုံးလုပ်ငန်းဆောင်ရွက်စေရေးကိစ္စ 

.၁။ နိုင်ငံ့ဝန်ထမ်းများအတွင်း covID-19 ရောဂါပိုးကူးစက်ခံရသူများရှိလာခြင်း၊ ရောဂါပိုး ကူးစက်ခံရပြီး (၁၄)ရက်အတွင်း၌သာ ရောဂါလက္ခဏာပြသခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအား တစ်ဝက်တက် တစ်ဝက်နားစနစ်ဖြင့် တစ်ရက်ခြား ရုံးလုပ်ငန်းဆောင်ရွက်စေခြင်း၊ အစား (၁၅-၉-၂၀၂၀)ရက်နေ့မှစ၍ အောက်ပါအတိုင်း ဆောင်ရွက်သွားစေရန်ဖြစ်ပါသည်။

(က) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ Core Group အဖွဲ့တွင် ပါဝင်သော ဝန်ထမ်းများအားလုံးနှင့် ညွှန်ကြားရေးမှူးနှင့်အထက်

အဆင့်ဝန်ထမ်းအားလုံး နေ့စဉ်ရုံးတက်ရန်။

 (ခ) ဒုတိယညွှန်ကြားရေးမှူးနှင့်အောက် ဝန်ထမ်းအားလုံး၏ တစ်ဝက်သည် (၂)ပတ်ရုံးတက်၍ ကျန်တစ်ဝက်သည် (၂)ပတ်အိမ်မှ နေ၍ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းကို အလှည့်ကျဆောင်ရွက်ရန်။ 

 

၂။ (၂)ပတ်ရုံးတက် (၂)ပတ်အိမ်မှ နေ၍ ရုံးလုပ်ငန်းဆောင်ရွက်စေသည့်စနစ်ဖြင့် ရုံးလုပ်ငန်းဆောင်ရွက်ရမည့် နိုင်ငံ့ဝန်ထမ်းများသည် (၂)ပတ်အိမ်မှာ နေသည့်အချိန်၌ မိမိတို့နေထိုင်ရာ အဝန်းအဝိုင်း (အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ရာ)အတွင်း၌သာ , နေထိုင်၍ ရုံးလုပ်ငန်း

ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် ဈေးဝယ်ခြင်းတို့မှလွဲ၍ ပြင်ပသို့ လုံးဝ (လုံးဝ)သွားလာခြင်းမပြုရန်၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေခရီးသွားရန်ရှိပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရန်ဖြစ်ပါသည်။ 

 

၃။ အထက်ပါညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ မိမိတို့နေထိုင်ရာ အဝန်းအဝိုင်းနှင့် ၊ တိုင်းဒေသကြီး/ပြည်နယ်များကို ကျော်လွန်၍ ခရီးသွားလာခြင်း တွေ့ရှိရပါက ခွင့်ပြုချက် မရဘဲ မိမိသဘောဖြင့် ခရီးသွားဝန်ထမ်းအားလည်းကောင်း၊ ခရီးသွားလာကြောင်း သိလျက် နှင့် ဖုံးကွယ်ပေးသူနှင့် အကာအကွယ်ပေးသူများအားလည်းကောင်း နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ၊ အညီ ဖောက်ဖျက်သည့် ပြစ်မှုအပေါ် မူတည်၍ ထိရောက်စွာ အရေးယူသွားရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည်။

ဇော်သန်းသင်း 

အမြဲတမ်းအတွင်းဝန် 

တွဲဖက်အတွင်းရေးမှူး(၂)

မိတ္တူ

နိုင်ငံတော်သမ္မတရုံး သမ္မတဦးစီးရုံး 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး 

Coronavirus Disease 2019 (COVID-19) ရုံးလက်ခံများစာတွဲ

Local News Read 437 times