၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍနှစ်အတွင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လျာထားဝင်ငွေထက်ပိုမိုရရှိသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်မကုန်ဆုံးမီ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်း ရရှိထားပြီး ယခုဘဏ္ဍနှစ် လျာထားသည့်ဝင်ငွေထက် ပိုမိုရရှိထားကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်၌ အမေရိကန်ဒေါ်လာ ရ၇ သန်း ရရှိရန် လျာထားခြင်းဖြစ်ကြောင်း သိရပါသည်။
၂၀၁၇-၂၀၁၈ ရငွေလျာထားချက်သည် ဒေါ်လာ ရ၇ သန်းနီးပါးလျာထားခြင်းဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုးအားဖြင့် သိန်း ၁၀၀၀ ကျော်နီးပါရှိကြောင်း၊ ၁၆.၁.၂၀၁၈ ရက်အထိ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂သန်းကျော်ရှိနေပြီးဖြစ်၍ လျာထားချက်ဖြစ်သော ရ၇သန်းကို ကျော်လွန်နေသောကြောင့် ၀င်ငွေမှာ ထပ်မံတိုးလာဖွယ်ရှိကြောင်း အမျိုးသားမြို့ပြ လေကြောင်းလုံခြုံရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ရရှိသည့်ဘတ်ဂျက်အား ခွဲဝေသုံးစွဲသည့်နေရာတွင် ငွေလုံးငွေရင်းနှင့် သာမန်ဟူ၍ နှစ်ပိုင်း ခွဲဝေသုံးစွဲကြောင်း သိရပါသည်။
သာမန်အသုံးစရိတ်တွင် အဓိကလစာ၊ ခရီးစရိတ်နှင့် ရေ၊ မီး၊ ရုံးသုံးပစ္စည်း အသုံးစရိတ်များ ပါ၀င်ပြီး ငွေလုံးငွေရင်းအသုံးစရိတ်တွင် ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဟူ၍ နှစ်ပိုင်းခွဲခြား အသုံးပြုခြင်းဖြစ်ကြောင်း သိရပါသည်။
ဆောက်လုပ်ရေးအပိုင်းတွင် လေယာဉ်ကွင်းတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ လေဆိပ်အဆောက်အုံသစ် ဆောက်လုပ်ခြင်းများ၊ လေဆိပ်အဟောင်းမွမ်းမံခြင်းများပါ၀င်ကြောင်း သိရပါသည်။
စက်ပစ္စည်းပိုင်းတွင် လေကြောင်းဆယ်သွယ်ရေးနှင့် သက်ဆိုင်သည့်စက်ပစ္စည်းများဝယ်ယူခြင်း အပိုင်းများပါ၀င်ကြောင်း သိရပါသည်။