၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုပမာဏ


12 June, 2018

၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၆၉၉၀ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအများဆုံးသည် အိမ်ခြံမြေကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဗဟိုချက်ဖြစ်ပြီး နိုင်ငံ GDP ၏ ၂၃ ရာခိုင်နှုန်းရှိနေကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းသည် ၉ ဒသမ ၂ ရာခိုင်နှုန်းရှိနေပြီး တစ်ဦးချင်းဝင်ငွေအများဆုံးရရှိနေသော တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်မှ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းပေါင်း ၅၉ ခု ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်းများ အများဆုံးတည်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး ရင်းနှီးမြှုပ်နှံလိုသူများပြားကြောင်း၊ ထို့အတွက် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မတည်ငွေရင်းပမာဏ အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် ငွေကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်ထားသူမာျးကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရပါသည်။

 Myawady

Investment/Divestment Read 811 times