၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့အထိ ပြည်ပသွင်းကုန် တင်သွင်းမှုပမာဏ ဒေါ်လာ ၉၁၄ သန်းကျော် တင်သွင်းထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၂၅၀ ကျော် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ပသွင်းကုန်စာရင်းများအရ သိရပါသည်။
ဧပြီလ ၂၀ ရက်အထိ ပြည်ပသို့ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၂၇၆ ဒသမ ၁၀၇ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းတင်သွင်းမှုမှာ ဒေါ်လာ ၄၆၂ ဒသမ ၃၀၂ သန်းနှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၁၇၄ ဒသမ ၈၈၄ သန်းရှိပြီး သွင်းကုန်များ၏ စုစုပေါင်းတန်းဖိုးမှာ ဒေါ်လာ ၉၁၄ ဒသမ ၂၉၃ သန်းရှိကြောင်း သိရပါသည်။
ပြည်ပသွင်းကုန်တင်သွင်းမှုမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုတွင် ဒေါ်လာ ၃၂ ဒသမ ၀၃၆ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုမှာ ဒေါ်လာ ၂၀၉ ဒသမ ၆၃၂ သန်းနှင့် လူသုံးကုန်ပစ္စည်းတင်သွင်းမှုတွင် ဒေါ်လာ ၁၄ ဒသမ ၀၄၆ သန်း တင်သွင်းထားကြောင်း သိရပါသည်။
ထို့အပြင် စုစုပေါင်း ပြည်ပသွင်းကုန်တင်သွင်းမှုပမာဏသည် ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်အထိ ဒေါ်လာ ၉၁၄ ဒသမ ၂၉၃ သန်း တင်သွင်းထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတွင် ဒေါ်လာ ၆၅၇ ဒသမ ၅၇၉ သန်း တင်သွင်းထားသောကြောင့် လက်ရှိနှစ်တွင် ဒေါ်လာ ၂၅၅ ဒသမ ၇၁၄ သန်း ပိုမိုတင်သွင်းထားကြောင်း သိရပါသည်။
ထို့အပြင် ၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်အထိ ပြည်ပသွင်းကုန်အုပ်စု ၃ မျိုးတွင် နိုင်ငံပိုင်သွင်းကုန်မှ တင်သွင်းမှုဝင်ငွေမှာ ၂၄ ဒသမ ၈၀၁ သန်း၊ ပုဂ္ဂလိကပိုင်သွင်းကုန်မှ တင်သွင်းမှုဝင်ငွေမှာ ဒေါ်လာ ၈၈၈ ဒသမ ၄၉၂ သန်း တင်သွင်းထားပြီး စုစုပေါင်း ပြင်ပသွင်းကုန် တင်သွင်းမှုဝင်ငွေမှာ ဒေါ်လာ ၉၁၃ ဒသမ ၂၉၃ သန်းဖြစ်ကြောင်း ပြည်ပသွင်းကုန် စာရင်းများအရ သိရပါသည်။
Eleven