၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလိုငွေကို လျော့ချခန့်မှန်း


06 March, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဘီလျံခန့်မှန်းခဲ့ပြီး အဆိုပါဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၁၄၀၀၀ နှင့် သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၁၅၀၀၀ ဟု ခန့်မှန်းထားပြီး ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျ ံရှိမည်ဟု ခန့်မှန်းခဲ့ရာမှ မကြာမီစတင်မည့် ၂၀၁၈ ဘဏ္ဍာနှစ်တိုခြောက်လတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၁၃၇၀၀ နှင့် ကုန်သွယ်မှုလိုငွေကို ဒေါ်လာ သန်း ၂၉၀ သာဖြစ်ပေါ်မ ည်ဟု လျေ့ာချခန့်မှန်းခဲ့ခြင်းဖြစ်ပါသည်။

ထိုသို့ လက်ရှိဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေဒေါ်လာတစ်ဘီလျ ံသာရှိမည်ဟု လျာထားသော်လည်း သွင်းကုန်တင် သွင်းမှုမြင့်တက်နေသဖြင့် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ လေးဘီလျံနီးပါးအထိ ဖြစ်ပေါ်နေကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ဒေါ် လာ ၂၈၆၁၃ ဒသမ ၂၄၁ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၄၀၄၆ ဒသမ ၅၇၀ သန်း ပိုမိုခဲ့ကြောင်း သိရပါသည်။

လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၆ ရက် အထိ ပြည်ပကုန် သွယ်မှုပမာဏ ဒေါ်လာ ၂၈ ဘီလျ ံကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၄၃၉ ဒသမ ၃၂၉ သန်းနှင့် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၁၇၃ ဒသမ ၉၁၂ သန်းပါဝင် ကြောင်း သိရပါသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၅၃၉ ဒသမ ၈၅၀ သန်းပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏမှာမူ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၅၀၆ ဒသမ ၇၂၀ သန်းပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရပါသည်။

လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ၂၈ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၂၄၀၀ ဒသမ ၂၅၅ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၂၁၂ ဒသမ ၉၈၆ သန်း ပါဝင်ကြောင်း သိရပါသည်။

သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက် များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၈၁၂ ဒသမ ၇၃၁ သန်း ဖြစ်ပေါ်နေကြောင်း သိရပါသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၀၅၁ ဒသမ ၉၆၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာစာရင်းများအရ သိရပါသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

 

Export, Import Read 529 times