၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများတိုးချဲ့ဖန်တီးနိုင်မှုအခြေအနေမှာ စုစုပေါင်း ဖေဖော်ဝါရီလတွင် ၄,၈၉၅ ယောက်၊ မတ်လတွင် ၅,၃၉၅ ယောက် အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း သိရပါသည်။
ကဏ္ဍအလိုက်တွင်မူ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ဖေဖော်ဝါရီလ တွင် ၂၆ ယောက် နှင့် မတ်လတွင် ၂၄ ယောက်၊ စက်မှုကဏ္ဍအတွက် ဖေဖော်ဝါရီလတွင် ၄,၂၉၄ ယောက် နှင့် မတ်လတွင် ၂၄၊ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် ဖေဖော်ဝါရီလတွင် အယောက် ၈၀ ရှိသော်လည်း မတ်လတွင်မူ ဖန်တီးပေးနိုင်မှု မရှိခဲ့ပါ။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍအတွက် ဖေဖော်ဝါရီလတွင် ဖန်တီးပေးနိုင်ခြင်းမရှိသော်လည်း မတ်လတွင်မူ ၄၇ ယောက် ရှိခဲ့ပြီး၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဖေဖော်ဝါရီလ အတွက် ၃၂ ဦး နှင့် မတ်လတွင် ၇၆ ယောက်ရှိခဲ့ပြီး အခြားဝန်ဆောင်မှုကဏ္ဍများအတွက် ဖေဖော်ဝါရီလတွင် ၄၆၃ ယောက် နှင့် မတ်လတွင်၃၅၃ ယောက် ရှိခဲ့ကြောင်း သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ၂၀၁၈ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်မှုမှာ စုစုပေါင်း အဖြစ် ဖေဖော်ဖဝါရီလတွင် ၁,၀၆၅ ယောက် နှင့် မတ်လတွင် ၅,၈၂၆ ယောက်ရှိကြောင်း သိရပါသည်။
ကဏ္ဍအလိုက်တွင်မူ သတ္တုတူးဖော်ရေးကဏ္ဍတွင် ဖေဖော်ဝါရီတွင်သာ ၈၅ ယောက်၊ စက်မှုကဏ္ဍတွင်မူ ဖေဖော်ဝါရီလတွင် ၁၉၂ ယောက် နှင့် မတ်လအတွင်း ၃,၁၄၉ ယောက်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဖေဖော်ဝါရီလတွင် ၃၉၃ ယောက်နှင့် မတ်လတွင် ၂၂၉ ယောက်၊ အိမ်ယာနှင့် အဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် မတ်လအတွင်းတွင်သာ ၁၂ ယောက်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် မတ်လအတွင်း၌သာ ၃၂ယောက်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ဖေဖော်ဝါရီလအတွင်း ၁၃၆ ယောက်နှင့် မတ်လတွင် အယောက် ၂၀ ရှိခဲ့ပြီး စက်မှုဇုန်တည်ဆောက်မှု ကဏ္ဍတွင်မူ မတ်လအတွင်း၌သာ ၂၀၂ ယောက်ရှိခဲ့ပြီး အခြားဝန်ဆောင်မှုကဏ္ဍများတွင် ဖေဖော်ဝါရီလအတွင်း ၂၅၉ ယောက်နှင့် မတ်လတွင် ၂,၁၈၂ ယောက် ရှိခဲ့ကြောင်း သိရပါသည်။
Source: The Mirror