ဂျပန်နိုင်ငံသည် မြန်မာမှ ဂျပန်သို့သွားရောက်သူများကို ဗီဇာကင်းလွတ်ခွင့်ပေးအပ်ခဲ့သဖြင့် ယခုလတွင် 2018 Henley Passport Index ( နိုင်ငံကူးလတ်မှတ်အညွှန်းကိန်း) ၌ စင်ကာပူနိုင်ငံကို ကျော်လွန်၍ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပါသည်။
ဂျပန်နိုင်ငံမှ ဗီဇာကင်းလွတ်ခွင့်ပေးအပ်ထားသည့် နေရာပေါင်း ၁၉၀ ရှိပြီး စင်ကာပူမှာမူ ၁၈၉ နေရာသာရှိကြောင်း သိရပါသည်။
ဂျပန်နိုင်ငံသည် မြန်မာမှ ဂျပန်သို့သွားရောက်သူများကို ဗီဇာကင်းလွတ်ခွင့်ပေးအပ်ခဲ့သဖြင့် ယခုလတွင် 2018 Henley Passport Index ( နိုင်ငံကူးလတ်မှတ်အညွှန်းကိန်း) ၌ စင်ကာပူနိုင်ငံကို ကျော်လွန်၍ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ပါသည်။
ဂျပန်နိုင်ငံမှ ဗီဇာကင်းလွတ်ခွင့်ပေးအပ်ထားသည့် နေရာပေါင်း ၁၉၀ ရှိပြီး စင်ကာပူမှာမူ ၁၈၉ နေရာသာရှိကြောင်း သိရပါသည်။
ဂျပန်နိုင်ငံသည် ၂၀၀၆ – ၂၀၀၇ ခုနှစ်တွင် တတိယနေရာတွင်ရပ်တည်ခဲ့ပြီး ၂၀၀၈-၂၀၀၉ ခုနှစ်တွင် စတုတ္ထနေရာသို့ ကျဆင်းသွားခဲ့ပါသည်။ ထို့အပြင် ၂၀၁၀ ခုနှစ်တွင် ဆဋ္ဌမအဆင့်အထိ ကျဆင်းခဲ့ဖူးသော်လည်း ယခုအခါ အဆင့် ၁ နေရာသို့ ရောက်ရှိနေလျက်ရှိပါသည်။
ဂျပန်နှင့် စင်ကာပူတို့သည် ပထမနေရာကို ရရှိရန်အတွက် ပြီးဖေဖော်ဝါရီလကတည်းက အကြိတ်အနယ် အားပြိုင်ခဲ့ကြပြီး ယင်းအားပြိုင်မှုသည် ၂၀၁၄ ခုနှစ်ကတည်းက ဒုတိယနေရာတွင်ရပ်တည်နေနိင်ခဲ့သော ဂျာ UK မနီနိင်ငံကိုပါသူ၏နေရာမှ ဖယ်ရှားစေခဲ့ပါသည်။
သို့သော် ဂျာမနီနိုင်ငံသည် တောင်ကိုရီးယားနှင့် ပြင်သစ်နိုင်ငံတို့နှင့်အတူ တတိယနေရာတွင် ရပ်တည်လျက်ရှိနေဆဲဖြစ်ပါသည်။ ယင်းနိုင်ငံတို့၌ ဗီဇာကင်းလွတ်ခွင့်ပေးထားသည့်နိုင်ငံပေါင်း ၁၈၈ နိုင်ငံအသီးသီးရှိကြောင်း သိရပါသည်။
ပြင်သစ်သည် Uzbekistan ကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သည့်အတွက် အောက်တိုဘာလ ၅ ရက်နေ့တွင် တတိယနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။
Iraq နှင့် Afghanistan နိုင်ငံများသည် နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (The International Air Transport Association (IATA)) ၏သီးသန့်ဒေတာကောက်ခံထားမှုအပေါ်အခြေခံ၍တွက်ချက်ထားသည့် 2018 Henley Passport Index ( နိုင်ငံကူးလတ်မှတ်အညွှန်းကိန်း) တွင် နောက်ဆုံးနေရာဖြစ်သည့် ၁၀၆ နေရာတွင် အတူတကွရပ်တည်လျက်ရှိနေပါသည်။
ဗီဇာကင်းလွတ်ခွင့် ၁၈၆ နိင်ငံပေးအပ်ထားသည့် US နှင့် UK နှစ်နိုင်ငံလုံးသည် ၂၀၁၈ ခုနှစ်အစပိုင်းထဲက အခြားဗီဇာကင်းလွတ်ခွင့်အသစ်များကို ပေးအပ်ခဲ့ခြင်းမရှိခဲ့သောကြောင့် စတုတ္ထနေရာမှ ပဉ္စမနေရာသို့ ကျဆင်းသွားခဲ့ပါသည်။
အာရှနိုင်ငံအတွင်းရှိ ဗီဇာကင်းလွတ်ခွင့်များပေးအပ်ရန် ဆောင်ရွက်နေသည့်သူ (Asian high-performers) များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ လှုပ်ရှားမှုများမှာ တည်ငြိမ်နေသဖြင့် ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သော ပထမနေရာကို ပြန်လည်ရောက်ရှိလာနိုင်မည့် အရိပ်အယောင်ကို မတွေ့ရသေးပေ။
ယေဘုယျအားဖြင့် UAE နိုင်ငံသည် တကမ္ဘာလုံးအတိုင်းအတာအရ Henley Passport Index ( နိုင်ငံကူးလတ်မှတ်အညွှန်းကိန်း) တွင်၂၀၀၆ ခုနှစ်၌ ၆၂ နေရာရှိခဲ့ရာမှာ ယခု ၂၁ နေရာသို့ အသိအမှတ်ပြုထိုက်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့သည်။
မြန်မာနိုင်ငံသည် တကမ္ဘာလုံးတိုင်းတာချက်အရ Henley Passport Index (နိုင်ငံကူးလက်မှတ်အညွှန်းကိန်း) တွင် အဆင့် ၉၃ နေရာတွင်ရပ်တည်လျက်ရှိပြီး ဗီဇာကင်းလွတ်ခွင့်ပေးထားမှု ၄၈ နိုင်ငံရှိကြောင်းသိရပါသည်။
Reff : Henlay & Partners Passport Index / Business wire
Writing by: K. S .P (Myanmar Industry Directory)