၂၀၁၉ခုနှစ်တွင် တစ်ပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ၄ဝခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၉သန်းကျော်အထိရှိလာကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောပါတယ်။
"မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့၂၀၁၉ခုနှစ်အတွက် ပထမဆုံးအစည်းအဝေးဖြစ်တဲ့ အစည်းအဝေးအမှတ် စဉ် (၁/၂၀၁၉)ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ကကျင်းပခဲ့ပါတယ်။ ကျင်းပတဲ့အစည်းအဝေးမှာ MICအနေနဲ့ ခွင့်ပြုတာရော နောက်တစ်ခုက ဒီတစ်ပတ်အတွင်းမှာ တိုင်းဒေသကြီး၊ ပြည်နယ်တွေရင်းနှီးမြှပ်နှံမှုကော်မတီများရဲ့ ခွင့်ပြုတာရော စုစုပေါင်းလိုက်မယ်ဆိုရင် အဆိုပြုတဲ့ လုပ်ငန်း ရ ခုနဲ့ အတည်ပြုတဲ့လုပ်ငန်းက ၃၃ ခုခွင့်ပြုပေးခဲ့ပါတယ်" ဟု ဦးအောင်နိုင်ဦး ကပြောပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလုပ်ငန်း ၇ ခု၊ အတည်ပြုလုပ်ငန်း ၂ ခု၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၂၆ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ခု၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ ခု၊ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁ ခုနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၂ ခု၊ စုစုပေါင်းလုပ်ငန်း ၄ဝ ခုကိုခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၀၉.၆၆၆ သန်းကို ခွင့်ပြုအတည်ပြုခဲ့ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ခွင့်ပြုခဲ့သည့် လုပ်ငန်းပေါင်း ၄ဝတွင် စက်မှုကဏ္ဍမှ အများဆုံး ၃၅ ခု ပါဝင်ကာ မွေးမြူရေးနှင့် ရေးလုပ်ငန်းကဏ္ဍမှ ၁ ခု၊ လျှပ်စစ်ကဏ္ဍမှ ၁ ခု၊ အိမ်ယာအဆောက်အဦး တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ ၁ ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍမှ ၂ ခုတို့ဖြစ်ကြောင်း သိရပါတယ်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ရက်မှဇန်နဝါရီ ၁၁ရက်အထိ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု လုပ်ငန်း ၇၈ ခုကို ခွင့်ပြုအတည်ပြုခဲ့ပြီး ရင်းနှီးမြှုုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၉၇ဝ ကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ထားခဲ့ပါတယ်။
အထူးစီးပွားရေးဇုန် ဥပဒေအရ အောက်တိုဘာ၁ရက်မှ ဇန်နဝါရီ ၁၁ရက်အထိ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်နှီးမြှုုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၉.၄ရသန်းရှိသည်။ထို့ကြောင့် ဇန်နဝါရီလ ၁၁ရက်အထိ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၃၁.၃၈၁ သန်းရှိကြောင်း သိရပါတယ်။ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ရက်မှ ဇန်နဝါရီ ၁၁ရက် ကာလတူနှိုင်းယှဉ်လျှင် ယမန်နှစ်ကထက် အမေရိကန်ဒေါ် လာ ၆၅၉သန်း ပိုမိုဝင်ရောက်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်ခဲ့ပါတယ်။
Mizzima