၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ


29 October, 2020

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ  စိစစ်ကာဆောင်ရွက်ပေးလျက်ရှိရာ၌  ဖြစ်ထွန်းခဲ့သော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်တွင်း အလုပ်သမားများအတွက် အလုပ်ကိုင်ဖန်တီးမှုများမှာ-

 

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၄ဝ.၉၉၂) သန်း၊ 

၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်း ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၅၀၇.၁၅၉) သန်း 

ခွင့်ပြု ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ 

၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှု လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က) စက်မှုကဏ္ဍ ၌ ဩဂုတ်လတွင် လုပ်ငန်း ၈ ခု မ,တည်ငွေရင်း ပမာဏ (တိုးမြှင့်ပမာဏများ အပါအဝင်) အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၀.၃၀၉ နှင့် စက်တင်ဘာလတွင်  လုပ်ငန်း ၁၁ ခု မ,တည်ငွေရင်း ပမာဏ (တိုးမြှင့်ပမာဏများ အပါအဝင်) အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁၂.၈၃၉

(ခ) အိမ်ရာအဆောက်အဦကဏ္ဍ ၌ စက်တင်ဘာလတွင်  လုပ်ငန်း ၂ ခု မ,တည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၀.၁၃၅

(ဂ) ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ၌ စက်တင်ဘာလတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀.၁၅၈

(ဃ) အခြားဝန်ဆောင်မှုကဏ္ဍ ၌ ဩဂုတ်လတွင် လုပ်ငန်း ၁ ခု မ,တည်ငွေရင်း ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၀.၆၈၃ နှင့် စက်တင်ဘာလတွင်  လုပ်ငန်း ၄ ခု မ,တည်ငွေရင်း ပမာဏ (တိုးမြှင့်ပမာဏများ အပါအဝင်) အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၄.၀၂၇

 

 မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ကျပ် (၁၆၈,၂၇၆၀၉၄) သန်းနှင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ကျပ် (၁၆၈၉၀၇.၀၈၇) သန်း ခွင့်ပြု ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။ 

 

၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်

(က) အိမ်ရာအဆောက်အဦကဏ္ဍ ၌ ဩဂုတ်လတွင် လုပ်ငန်း ၁ ခု မ,တည်ငွေရင်း ပမာဏ ကျပ်သန်းပေါင်း ၁၁၃,၇၀၉ 

(ခ) စက်မှုကဏ္ဍ ၌  ဩဂုတ်လတွင် လုပ်ငန်း ၄ ခု မ,တည်ငွေရင်း ပမာဏ ကျပ်သန်းပေါင်း ၅၃,၀၂၇  နှင့် စက်တင်ဘာလတွင်  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ပမာဏ ကျပ် သန်းပေါင်း ၁၄,၅၀၂

 (ဂ) ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ၌  ဩဂုတ်လတွင် လုပ်ငန်း ၁ ခု မ,တည်ငွေရင်း ပမာဏ ကျပ်သန်းပေါင်း ၁၁၃,၇၀၉ နှင့် စက်တင်ဘာလတွင်  လုပ်ငန်း ၂ ခု မ,တည်ငွေရင်း ပမာဏ ကျပ် သန်းပေါင်း ၁၀,၁၃၆

(ဃ) ဆောက်လုပ်ရေးကဏ္ဍ ၌ စက်တင်ဘာလတွင်  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ပမာဏ ကျပ် သန်းပေါင်း ၂၁,၁၀၂

(င) အခြားဝန်ဆောင်မှုကဏ္ဍ ၌ လုပ်ငန်း ၆ ခု  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ပမာဏ ကျပ် သန်းပေါင်း ၆၈,၁၁၇

(စ) မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၌ စက်တင်ဘာလတွင်  လုပ်ငန်း ၂ ခု မ,တည်ငွေရင်း ပမာဏ ကျပ် သန်းပေါင်း ၁,၉၇၁

(ဆ) လျှပ်စစ်ဓာတ်အားကဏ္ဍ ၌ စက်တင်ဘာလတွင်  လုပ်ငန်း ၁ ခု မ,တည်ငွေရင်း ပမာဏ ကျပ် သန်းပေါင်း ၅၃,၀၇၈

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အလုပ်အကိုင် အခွင့်အလမ်းများ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများတိုးချဲ့ ဖန်တီးနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်

 (က) စက်မှုကဏ္ဍ ၌ ဩဂုတ်လတွင် ၂,၈၂၂ ဦး နှင့် စက်တင်ဘာလတွင် (လုပ်သားအင်အား တိုးမြှင့်ခန့်ထားခြင်း အပါအဝင်) ၁၂,၂၅၈ ဦး

(ခ) အိမ်ရာအဆောက်အဦကဏ္ဍ ၌ စက်တင်ဘာလတွင် ၃၆၇ ဦး

(ဂ) အခြားဝန်ဆောင်မှုကဏ္ဍ ၌ ဩဂုတ်လတွင်၄၃ ဦး နှင့် စက်တင်ဘာလတွင် ၃၉၉ ဦး

 

မြန်မာနိုင်ငံသား  ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်အကိုင် အခွင့်အလမ်းများ

၂၀၂၀ ပြည့်နှစ် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများတိုးချဲ့ ဖန်တီးနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်

 (က) စက်မှုကဏ္ဍ ၌ ဩဂုတ်လတွင် ၅၄၄ ဦး 

(ခ) အိမ်ရာအဆောက်အဦကဏ္ဍ ၌ ဩဂုတ်လတွင် ၃၄၇ ဦး

(ဂ) အခြားဝန်ဆောင်မှုကဏ္ဍ ၌ စက်တင်ဘာလတွင် ၈၉၀  ဦး

(ဃ) ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၌  ဩဂုတ်လတွင် ၇၁ ဦး နှင့် စက်တင်ဘာလတွင် ၇၄  ဦး

 (င) မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၌ စက်တင်ဘာလတွင် ၃၀  ဦး

 (စ) လျှပ်စစ်ဓာတ်အားကဏ္ဍ ၌ စက်တင်ဘာလတွင် ၄၀  ဦး

Investment/Divestment Read 299 times