Asia Insurance Review ရဲ့ ခန့်မှန်းချက်အရ ၂၀၃၀ ခုနှစ် ရောက်ရင် မြန်မာနိုင်ငံ၏ အာမခံနယ်ပယ်တစ်ခုထဲက ရမယ့် ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ အထိ ရှိလာတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စုစုပေါင်းဝင်ငွေဟာ ၂၀၁၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံ ရှိရာကနေ ၂၀၃၀ ရောက်တဲ့အချိန်မှာတော့ ၂၀၀ ဘီလီယံရှိလာလိမ့်မယ်လို့ McKinsey Global Institute က အစီရင်ခံစာထဲမှာ ထည့်သွင်းရေးထားပါတယ်။
မြန်မာနိုင်ငံမှာ ငွေသုံးစွဲနိုင်တယ်လို့ ပြောလို့ရတဲ့ လူတန်းစားလွှာတစ်ခုကလည်း ၂၀၁၀ ခုနှစ်မှာ ၂.၅ သန်း ရှိရာကနေ ၂၀၃၀ မှာ ၁၉ သန်းအထိ ကြီးထွားလာလိမ့်မယ်လို့ ခန့်မှန်းထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့ အာမခံဈေးကွက်ဟာ ဗီယက်နက်နိုင်ငံနဲ့ အတော်လေးကို နီးစပ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း လူဦးရေ သန်း ၉၀ ကျော်ရှိပြီး သဘာဝ သယံဇာတာတွေ ပေါများတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၂ အတွင်းမှာ ဗီယက်နမ်နိုင်ငံ အာမခံနယ်ပယ်ရဲ့ ဈေးကွက်ထိုးဖောက်နိုင်မှုဟာ နိုင်ငံ့ဝင်ငွေရဲ့ ၁.၄၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက်ဆိုရင်လည်း ပထမဆုံး Private Sector ကို အာမခံလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးခဲ့တဲ့အချိန် ၂၀၁၃ ကနေ စပြီး တွက်မယ်ဆိုရင် ၂၀၃၀ ပြည့်တဲ့အခါ မြန်မာနိုင်ငံ စုစုပေါင်း ဝင်ငွေရဲ့ ၁.၄ ရာခိုင်နှုန်းခန့် ရှိလာမယ်လို့ ခန့်မှန်းလို့ ရပါတယ်။
ကိန်းဂဏန်းနဲ့ ပြောရမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ်က အာမခံလုပ်ငန်းကနေရတဲ့ ဝင်ငွေဟာ ၁၀ သန်းအထိသာ ရှိခဲ့ပြီး ၂၀၃၀ ခုနှစ် ရောက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံအထိ ရှိလာတော့မှာပါ။
Asia Insurance Review