မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော် ဖန်တီးပေးနိုင်မယ့် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုလုပ်ငန်း ၂၂ ခုကို ခွင့်ပြုပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ အဆိုပါလုပ်ငန်းတွေမှ အဆိုပြုလုပ်ငန်းတစ်ခု၊ အတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း ၁၅ ခု၊ ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း သုံးခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခု၊ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုတို့ကို အသီးသီး ခွင့်ပြုခဲ့ပါတယ်။
၎င်းလုပ်ငန်းတွေမှာ စက်မှုကဏ္ဍ ၂၀ ခု၊ ဟိုတယ်ကဏ္ဍတစ်ခုနဲ့ တခြားကဏ္ဍ တစ်ခုတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၃.၂၇၁ သန်း စီးဝင်ခဲ့ပါတယ်။ အခုခွင့်ပြုလိုက်တဲ့လုပ်ငန်းတွေကနေ ပြည်တွင်းအလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
အရင်ခွင့်ပြုပြီးသားလုပ်ငန်းတွေကနေပြီး ပြည်တွင်းအလုပ်သမား ၁၅၂၁ ဦးကိုလည်း တိုးမြှင့်ခန့်အပ်ထားတယ်လိုှ့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ခွင့်ပြုပေးတဲ့အခါ အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေခွန်နဲ့ အခွန်တိုးတက်ရရှိနိုင်မှု၊ တည်ဆဲဥပဒေများအား လိုက်နာမှု စတဲ့အချက်တွေပေါ် အခြေခံကာ စိစစ်လက်ခံခြင်းဖြစ်ပါတယ်။
Myawady