ပြည်ပပို့ကုန် အလားအလာရှိတဲ့ သီးနှံအမျိုးအစား ၂၂ မျိုး စံချိန်စံညွှန်းရေးဆွဲဖို့ လျာထား


23 March, 2019

စိုက်ပျိုးရေးဆိုင်ရာ အခြေခံ ထုတ်ကုန်နည်းပညာ ဆပ်ကော်မတီက မြန်မာ့စံချိန်စံညွှန်းများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ပပို့ကုန် အလားလာရှိသော သီးနှံ အမျိုးအစားပေါင်း ၂၂ မျိုးရေးဆွဲရန် လျာထားပါတယ်။

ထို့အတူ ဝဥ၊ ချင်း(ဂျင်း) နှင့် သီဟိုဋ်စေ့တို့ကို မြန်မာစံချိန်စံညွှန်း မူကြမ်းများအပြီး သတ်နိုင်ဖို့ နည်းပညာဆပ်ကော်မတီကို တင်ပြလာတဲ့အတွက် ၎င်းစံချိန်စံညွှန်းမူကြမ်းကို သက်ဆိုင်ရာဌာများ၊ အသင်းအဖွဲ့များမှ ကော်မတီဝင်များ ပူးပေါင်းကာ စံချိန်စံညွှန်း လုပ်ငန်းကော်မတီကို ဆက်လက် တင်ပြနိုင်ဖို့အတွက် ညှိနှိုင်းဆွေးနွေး အတည်ပြုချက် ရယူမှုများ ပြုလုပ်ထားပါတယ်။

 အခု ISO ၁၇၂ နဲ့အညီ သီးနှံ ၁၅ မျိုးရဲ့ မြန်မာ စံချိန်စံညွှန်းအတိုင်း ရေးဆွဲထားပြီဖြစ်လို့ အများပြည်သူ သဘောထား တောင်းခံနိုင်ဖို့ စံချိန်စံညွှန်း လုပ်ငန်းကော်မတီကို တင်ပြထားပြီး ဖြစ်တယ်။ မြန်မာ့ဆန်နဲ့ တချို့သော ပဲအမျိုးအစားတွေရဲ့ စံချန်စံညွှန်းကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

မြန်မာမှ ထုတ်လုပ်တဲ့ သီးနှံတွေ စံချိန်စံညွှန်းနဲ့ ညီညွတ်မှသာ နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မှာ ဖြစ်ကြောင်း၊ ဒီလို ဖြစ်လာစေဖို့ နည်းပညာတွေ ပေးအပ်ဖို့ လိုအပ်ကြောင်း၊ သီးနှံများဆိုင်ရာ  စံချိန်စံညွှန်းများအား သက်ဆိုင်ရာဌာနများနဲ့ အသင်းအဖွဲ့များကို သဘောထားမှတ်ချက် တောင်းခံရယူခြင်းနဲ့ သဘောတူညီချက် ရယူခြင်းမှတစ်ဆင့်  စံချိန်စံညွှန်း လုပ်ငန်း ကော်မတီကို ဆက်လက်တင်ပြပေးရပါတယ်။

နည်းပညာ ဆပ်ကော်မတီက ရေးဆွဲခဲ့တဲ့ မြန်မာ့ဆန်နဲ့ ပဲမျိုးအစား (တချို့) စံချိန်စံညွှွှန်းများကို မြေပဲ၊ ဖရဲ၊ ထောပတ်သီး၊ ကျွဲကော၊ ငှက်ပျော ၊ သီး၊ ကော်ဖီ၊ သခွားမွှေး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး စတဲ့ မူကြမ်းများကို အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခဲ့ကြောင်း၊ မြန်မာထွက်သီးနှံများ ဘေးကင်းလုံခြုံ စိတ်ချရခြင်းနဲ့ ယဉ်ပြိုင်မှု ဈေးကွက်အတွက် အထောက်အပံ့ဖြစ်လာမှာဖြစ်ပါတယ်။

The Farmer Media

Export, Import Read 505 times