မြန်မာနိုင်ငံမှ ဆန်များကို နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ဝယ်ယူနေ


23 April, 2019

မြန်မာနိုင်ငံမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံပေါင်း ၅၂ နိုင်ငံကို ဆန်တန်ချိန် ၁.၉ သန်း တင်ပို့ထားပြီး အဲ့ဒီတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၈.၇၂၇ သန်း ရရှိထားပါတယ်။ ဆန်ကွဲကိုတော့ နိုင်ငံပေါင်း ၂၇ နိုင်ငံကို တင်ပို့နေပြီး တန်ချိန်အားဖြင့် ၄.၅ သိန်း၊ ပို့ကုန်ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၀.၀၄၁ သန်း ရရှိထားပါတယ်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပကို ဆန်နှင့် ဆန်ကွဲတန်ချိန် စုစုပေါင်း ၂.၄ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇၈.၇၆၈ သန်း ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့  နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းနဲ့ ပင်လယ်ရပ်ခြားကုန်သွယ်မှုလမ်းကြောင်းတွေကို အသုံးပြုပြီး တင်ပို့ခဲ့တာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်တန်ချိန် ၁.၁ သန်းတင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၆.၉၈၅ သန်း ရရှိခဲ့ပါတယ်။ ပင်လယ်ရပ်ခြားကုန်သွယ်မှုလမ်းကြောင်းကနေတော့ ဆန်တန်ချိန် ၁.၂ သန်းတင်ပို့နိုင်ခဲ့ပြီး  အမေရိကန်ဒေါ်လာ ၄၀၁.၇၈၃ သန်း ရရှိခဲ့ပါတယ်။

ဒီကုန်သွယ်မှုလမ်းကြောင်းတွေမှ စုစုပေါင်းဆန်တန်ချိန် ၂.၃ သန်းတင်ပို့ခဲ့ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၇၇၈.၇၆၈ သန်းကို ရရှိခဲ့ပါတယ်။

ယခင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ကာလတူရဲ့ ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ရဲ့ ဆန်တင်ပို့မှုပမာဏဟာ တန်ချိန် ၁.၂ သန်းကျော် လျော့နည်းခဲ့ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

Export, Import Read 6374 times