ပြည်တွင်းထုတ်နှင့် ပြည်ပတင်သွင်းယာဉ်များဝယ်ယူမှုအပေါ် ၀င်ငွေခွန်ကောက်ခံလျက်ရှိရာ ၀င်ငွေခွန် ကျပ်သိန်းပေါင်း ၂၆၀၀၀ ကျော်ရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦစီးဌာနမှ သိရသည်။
ပြည်တွင်း၌ SKD (တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့်ယာဉ်)၊ CKD (အလုံးစုံတပ်ဆင် ထုတ်လုပ်သည့်ယာဉ်)နှင့် CBU (ပြည်ပမှအစီးလိုက်တင်သွင်းသည့်ယာဉ်) ကားများကို ၂၀၁၇ ခုနှစ် ပြည်တွင်းအခွန်အကောင်ဥပဒေအရ၀ယ်ယူသည့်ကားတန်ဖိုးအလိုက် အခွန်စည်းကြပ်ခဲ့ရာ ကား ၁၅၃၄၈ စီးမှ ၀င်ငွေခွန်ကျပ်သိန်းပေါင်း ၂၆၀၀ ကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
၂၀၁၇ အခွန်အကောက် ဥပဒေအရ မော်တော်ယာဉ်ဝယ်ယူမှုအပေါ် ၀င်ငွေကောက်ခံခြင်းကို ဧပြီလမှ စတင်ခဲ့့ပါသည်။ စလစ်ကား၊ ကုမ္ပဏီပါမစ်ကားနှင့် ဖရီးပါမစ်ကား ဟုခွဲခြားကာ ကောက်ခံလျက်ရှိသည်။
မော်တော်ယာဉ်ဝယ်ယူမှုအပေါ် ၀င်ငွေကောက်ခံခြင်းကို ယခင်နှစ်များက ကုမ္ပဏီပါမစ်နှင့် ဖရီးပါမစ်ကားများကိုသာ ကောက်ခံခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ စလစ်ကားများကိုလည်း စတင်ကောက်ခံခဲ့ကြောင်းသိရသည်။
ပြီးခဲ့သော ၂၀၁၇ ဧပြီမှ ဇန်နဝါရီလ ၁၀ ရက်အထိ ကုမ္ပဏီကား ၂၄၀၃စီး၊ စလစ်ကပ်ကား ၃၈၂၉စီးနှင့် ဖရီးပါမစ်ကား ၉၁၁၆ စီးတို့ကို အခွန်စည်းကြပ်ခဲ့ကြောင်း သိရပါသည်။