ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃) ခု


20 July, 2018

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ (၉/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ခွင့်ပြုမိန့် (၃)ခု ခွင့်ပြုခဲ့ကြောင်း သိရပါသည်။

ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ရာခိုင်နူန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၂) ခု၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁) ခု၊ပါဝင်ပါသည်။

ရာခိုင်နူန်းပြည့် နိုင်ငံခြားများ ရင်းနှီးမြှုပ်နှံမှု

(၁)သံ နှင့် သံမဏိ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၊ Yangon J.R Family Limited ၊ရန်ကုန်တိုင်းဒေသကြီး ၊မှော်ဘီမြို့နယ်။

(၂) ၄ဘီးမော်တော်ဆိုင်ကယ် အမျိုးမျိုးတပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ၊ Her Chee Industrial Company Limited ၊ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့နယ်။

ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

(၁) Providing Private Education Using National and International Curricula ၊ International Language & Business Center (ILBC) Co., Ltd. ၊ ရန်ကုန်တိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီး ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ။

ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရအဖွဲ့၊ လုပ်ငန်း နှင့် ဆက်စပ်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင် အစည်းအဝေးမှ စိစစ်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု့ ကော်မရှင် ၉/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် ရင်နှီးမြှုပ်နှံမှု့ လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း (၂၈၄၁) ခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Investment/Divestment Read 829 times