3DOM သည် ပုသိမ်စက်မှုမြို့တော်စီမံကိန်းအတွက် ဘက်ထရီစွမ်းအင်သိုလှောင်ရေးစနစ်နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
3DOM, Inc ("3DOM") သည် ဂျပန်အခြေစိုက် စမတ်စွမ်းအင်ဖြေရှင်းချက် ပေးသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှတွင် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လျက် ရှိရာ၌ ဧရာဝတီဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီလီမိတက်နှင့် နားလည်မှုစာချွန်လွှာ ("MOU") ကို ၂၀၂၀ နို ၀ င်ဘာလ ၆ ရက်နေ့တွင်လက်မှတ်ရေးထိုးသည်။
3DOM, Inc ("3DOM") သည် ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင် ဘက်ထရီသုံး စွမ်းအင်သိုလှောင်မှုစနစ် (battery energy storage system -BESS) ပါဝင်သော နေရောင်ခြည်စွမ်းအင်သုံး ဖြေရှင်းနည်းကို Ayeyarwaddy Development Public Co. Ltd. ("ADPCL")နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။
BESS ကို ပုသိမ်စက်မှုမြို့တော်စီမံကိန်းတွင် ထည့်သွင်းထားပြီး ၎င်းကို လုပ်ကိုင်လည်ပတ်ရန်အတွက် ပါဝါထုတ်ပေးခြင်းဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ လူအင်အားတို့ကို 3DOM က တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကိုလည်း 3DOM က လုပ်ဆောင်ပေးရမည် ဖြစ်သည်။
3DOM သည် ဘက်ထရီသုံး စွမ်းအင်သိုလှောင်မှုစနစ်တွင် နောက်ဆုံးပေါ် နည်းပညာများကို သုံးစွဲမည်ဖြစ်ရာ Lithium Rechargeable Battery Technology လည်း အပါအဝင်ဖြစ်သည်။
BESS သည် စိတ်ချရသော ပါဝါအဆက်မပြတ် ထုတ်ပေးနေခြင်းကို လုပ်ဆောင်နိုင်ပြီး ပင်မဓာတ်အားလိုင်းနှင့် အချိတ်အဆက် မရှိသည့်နေရာများသို့ အဆက်မပြတ်ဓာတ်အားထုတ်လွှတ်ပေးခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်သည်။ ကြီးမားသော စွမ်းအင်ပမာဏကို သိုလှောင်ပေးထားနိုင်စွမ်း ရှိသည်။ ဖြန့်ဖြူးရေးစနစ်များတွင်လည်း စွမ်းအင်သိုလှောင်ရေးစနစ်များ အသီးသီး ထားရှိဆောင်ရွက်မည် ဖြစ်သည်။ အသေးစားဓာတ်အားကွန်ရက်ကို ထူထောင်မည် ဖြစ်သည်။
ပုသိမ်စက်မှုမြို့တော်စီမံကိန်း ပထမအဆင့်ကို ယခုနှစ်တွင် အကောင်အထည်ဖော်နေပြီး ဒုတိယအဆင့်ကို ၂၀၂၁ ခုနှစ်တွင် စတင်မည် ဖြစ်သည်။ အခြေခံအဆောက်အအုံများနှင့် လျှပ်စစ်ဓာတ်အား အလုံအလောက် အဆက်မပြတ် ရရှိနေရေးသည် စီမံကိန်း အောင်မြင်မှုအတွက် အလွန်အရေးကြီးသည်။
3DOM အကြောင်း
3DOM Inc ကို ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့တွင် ထူထောင်ခဲ့သည်။ Lithium Rechargeable Battery Tech ကို အဓိကထား လုပ်ကိုင်လျက် ရှိသည်။
လူဉီးရေ သန်း ၆၇၀ နေထိုင်သည့် အရှေ့တောင်အာရှတွင် လျှပ်စစ်အားလိုအပ်ချက်သည် ၂၀၂၀ တွင် ၄၇ ဂိုင်ဂါဝပ် ရှိပြီး နောက်ဆယ်နှစ်အကြာ ၂၀၃၀ တွင် သုံးဆမက တိုးသွားမည် ဖြစ်ရာ ၁၄၀ ဂိုင်ဂါဝပ်အထိ လိုအပ်လိမ့်မည်ဖြစ်ရာ ကမ္ဘာပေါ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် တိုးနှုန်း အမြင့်မားဆုံးဖြစ်သော အရှေ့တောင်အာရှတွင် 3DOM သည် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လျက် ရှိသည်။